Lifestyle: ဗီဒီယိုဂိမ်း အရမ်းကြိုက်တဲ့ အသက် ၇၂ နှစ်အရွယ် အဘွားအို

, updated

လွန်ခဲ့တဲ့ နှစ် ၃၀ က စတင်ပြီး စွဲလမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

play

 

အသက် ၇၂ နှစ်အရွယ် အငြိမ်းစား အဘွားအို ဘရီဂတ်ဟာ ဗီဒီယိုဂိမ်းကို မထတမ်း ကစားသူတစ်ဦးပါ။

လွန်ခဲ့တဲ့ နှစ် ၃၀ က သသူမရဲ့သားအတွက် Nintendo Entertainment System တစ်ခု ဝယ်ပေးပြီးကတည်းက ဂိမ်းကို စတင်စွဲလမ်းသွားခြင်းဖြစ်တယ်လို့ သူမက ဆိုပါတယ်။

play

 

အဲဒီနောက် သူမဟာ အားလပ်ချိန်တိုင်း Super Mario ကစားပြီး အခုဆိုရင် သူမရဲ့ Xbox၊ Playstation နဲ့ Nintendo Wii စက်တွေနဲ့ တစ်နေ့ကို ၈ နာရီ ကစားသူဖြစ်ပါတယ်။

"Super Mario ထွက်ကတည်းက ဂိမ်းကစားရတာ အရမ်းကြိုက်သွားတယ်။ သားရဲ့မွေးနေ့မှာ ဂိမ်းစက်တစ်လုံး ဝယ်ပေးလိုက်တယ်။ ကျွန်မက မထတမ်း ကစားနေတော့ ကျွန်မခင်ပွန်းက ကျွန်မအတွက် နောက်စက်တစ်လုံး ဝယ်ပေးတယ်" လို့ ဘရီဂတ်က ဆိုပါတယ်။

play

 

သူမဟာ Tomb Raider၊ Zelda နဲ့ Final Fantasy တို့ ဂိမ်းတွေကို ကစားရတာ ပိုနှစ်သက်ပြီး ဂိမ်းအသစ်တစ်ခု ရပြီဆိုရင် မနက် ၂ နာရီအထိ မအိပ်ဘဲ ကစားတတ်တယ်လို့ ဆိုပါတယ်။

မြေး ၉ ဦးရဲ့ အဘွားဖြစ်သူ ဘရီဂတ်ဟာ ဂိမ်းကစားရာမှာ ပိုမိုအဆင်ပြေဖို့အတွက် မျက်စိကိုလည်း မကြာသေးမီမှာ ခွဲစိတ်ပြုပြင်ထားပါတယ်။

play

 

"မျက်လုံးမခွဲစိတ်ခင်က ဂိမ်းက ညွှန်ကြားချက်တွေကို ကောင်းကောင်းမမြင်ရဘူး။ အခုတော့ အရမ်းအဆင်ပြေသွားပြီ" လို့ သူမက ဝမ်းသာအားရဆိုခဲ့ပါတယ်။

ှSource & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ