Lifestyle: သွားကျိုးတယ်လို့ အိပ်မက်မက်ရတဲ့အကြောင်းရင်းများ

, updated

စိုးရိမ်ကြောင့်ကြစိတ်တွေ လွန်ကဲနေလို့ ဖြစ်ပါတယ်။

play

 

သွားတွေကျိုးတယ်လို့ အိပ်မက်မက်ရတဲ့ အကြောင်းရင်းဟာ များသောအားဖြင့် စိုးရိမ်စိတ်ကြောင့် ဖြစ်ခြင်းဖြစ်တယ်လို့ စိတ်ပညာရှင်တစ်ဦးက ပြောခဲ့ပါတယ်။

"အိပ်မက်မက်သူရဲ့ စိတ်ခံစားမှု လွန်ကဲခြင်းကြောင့် ဖြစ်တတ်ပါတယ်" လို့ စိတ်ပညာရှင် ရစ်ချက်နီကိုးလ်တီက ပြောခဲ့ပါတယ်။

play

 

"သွားတွေ ကျွတ်ကျတဲ့အခါ လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်မှုမှာ အခက်ကြုံသွားပြီ။ အစာလည်း မစားနိုင်တော့ဘူး။ အဲဒီတော့ ရောဂါတစ်ခုခုကို ဖော်ဆောင်တာလည်း ဖြစ်နိုင်တယ်" လို့ သူက ဆိုပါတယ်။

သွားကျိုးတယ်၊ သွားတွေ ကျွတ်ကြတယ်လို့ အိပ်မက်မက်တာဟာ အလုပ်မှာ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်နဲ့ ပြဿနာရှိနေတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

play

 

"အဲဒီလို အိပ်မက်မက်တာက သူ့မှာ အရမ်းကို အကြောက်တရားတွေ လွှမ်းမိုးနေတယ်လို့ ညွှန်ပြနေတာလည်း ဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် ယင်းအိပ်မက်တွေဟာ အသက်အရွယ်ကြီးရင့်မှာကို စိုးရိမ်ထိပ်လန့်မှုနဲ့လည်း ဆက်စပ်နေနိုင်ကြောင်း နီကိုးလ်တီက ပြောခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ