Lifestyle: အာဖရိကရေမြင်းတစ်ကောင်ရဲ့ ရေကူးဟန် အွန်လိုင်းပေါ်မှာလူကြိုက်များ

သာသာယာယာပဲဆိုတာ ဒါမျိုးကိုပြောတာနေပါလိမ့်မယ်။

play

 

တောင်အာဖရိကရှိ Kruger အမျိုးသားဥယျာဉ်ထဲက ရေမြင်းလေးတစ်ကောင်ရဲ့ပုံတွေဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာပြီး လူတွေသဘောကျစရာ ဖြစ်လာခဲ့ပါတယ်။ ဓာတ်ပုံတွေကိုတော့ ဂျက်ကီ စီလီယာစ်က ရိုက်ကူးခဲ့တာပါ။

play

 

သူမက ရေမြင်းလေးနဲ့ ၁၀ မီတာအကွာကနေ ပုန်းအောင်းပြီး ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

တုတ်ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ ရေမြင်းလေးက လူတွေမမြင်ဘူးအမှတ်နဲ့ အေးအေးလူလူ ရေကူးနေခဲ့တာပါ။ နေရောင်အောက်မှာ ဗိုက်တွေပေါ်အောင် ပက်လက်လှန်ပြီး ရေထဲမှာ ဇိမ်ယူနေတာကို တွေ့ရပါတယ်။

play

 

ပန်းရောင်ဗိုက်လေးပေါ်အောင် သာသာယာယာ ရေထဲမျောနေလိုက် ဟိုဒီလှည့်ပြီး ရေကူးလိုက်နဲ့ပုံတွေဟာ တိရိစ္တာန်ရုံတွေမှာဆို မြင်ရခဲတဲ့ပုံရိပ်တွေလည်း ဖြစ်ပါတယ်။

Source : Cater News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ