Lifestyle: နက်မှောင်တောက်ပတဲ့ ပိတုန်းရောင်ဆံကေသာအတွက် လျှို့ဝှက်ချက်

ပိတုန်းရောင်ဆံကေသာလို့ တင်စားရလောက်တဲ့ နက်မှောင်တောက်ပတဲ့ ဆံကေသာဟာ အမျိုးသမီးတွေအတွက် ဂုဏ်ယူစရာ မက်မောစရာ အလှတရားပါပဲ။ အဲဒီလိုအမျိုးသမီးတစ်ယောက်အတွက် အရေးပါပြီးတန်ဖိုးရှိလှတဲ့ ဂုဏ်ကျက်သရေကို ဒီနေ့ခေတ်မှာဆိုရင် အမျိုးသမီး တိုင်းပိုင်ဆိုင်နိုင်ခွင့်ရှိနေပါပြီ။

play

 

ပိတုန်းရောင်ဆံကေသာလို့ တင်စားရလောက်တဲ့ နက်မှောင်တောက်ပတဲ့ ဆံကေသာဟာ အမျိုးသမီးတွေအတွက် ဂုဏ်ယူစရာ မက်မောစရာ အလှတရားပါပဲ။ အဲဒီလိုအမျိုးသမီးတစ်ယောက်အတွက် အရေးပါပြီးတန်ဖိုးရှိလှတဲ့ ဂုဏ်ကျက်သရေကို ဒီနေ့ခေတ်မှာဆိုရင် အမျိုးသမီး တိုင်းပိုင်ဆိုင်နိုင်ခွင့်ရှိနေပါပြီ။

ဒါပေမဲ့ အဲဒီဂုဏ်ကျက်သရေကိုပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ဆံသားကို နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်မယ့် လျှို့ဝှက်ချက်ကို သိထားဖို့လိုအပ်လှပါတယ်။

နေရောင်ခြည်ဒဏ်ဟာ နက်မှောင်တောက်ပတဲ့ဆံကေသာအတွက် အကြီးမားဆုံးအန္တရာယ်တစ်ခုပါ။ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားတွေ မွဲခြောက်ပြီး ကြမ်းတမ်းသွားမယ်ဆိုရင် မိန်းကလေးတိုင်းရဲ့ဆံသား အလှတရားအတွက် အဓိက လျှို့ဝှက်ချက်ဖြစ်တဲ့ တောက်ပမှုတွေ လျော့နည်းသွားပြီး မက်မောတောင့်တရတဲ့ ပိတုန်းရောင်ကေသာလေးနဲ့ ဝေးရပြီပေါ့။ ဆံကေသာအလှတရားကို ပြန်လည်ရရှိဖို့ ဆံသားတွေ နက်မှောင်ပြီး ပြန်လည်တောက်ပလာစေဖို့ အစွမ်းထက်ပစ္စည်းတစ်မျိုးမျိုးရဲ့ အကူအညီကို အချိန်မီရယူနိုင်ဖို့လိုအပ်ပါတယ်။ ဒါတင်မကသေးပါဘူး… ကိုယ်ကိုယ်တိုင်လည်း အပြင်ထွက်တိုင်း ထီးပုံမှန်ဆောင်းဖို့ လိုအပ်ပါတယ်။ ဒါမှသာ နေရောင်ခြည်မှ ကျရောက်တဲ့ UV ဒဏ်ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

သဘာဝပစ္စည်းကို အသုံးပြုမယ်ဆိုရင်တော့ အဆီအနှစ်တွေ ကုန်ဆုံးပြီး မွဲခြောက် ကြမ်းတမ်းသွားတဲ့ ဆံကေသာအတွက် အထူးကောင်းမွန်ပြီး ဆံသား မွဲခြောက်မှုမှလည်း ကင်းဝေးကာ ပြန်လည်ပြီးနက်မှောင်လာစေမယ့် ထောလပတ်ရွက်ကို ပုံမှန်အသုံးပြုသင့်ပါတယ်။ ဒီခေတ်မှာ ထောလပတ်ရွက် အလွယ်တကူမရနိုင်တာမျိုးတွေ မိမိဘာသာ အသုံးပြုရတာ မလွယ်ကူတာမျိုးတွေဖြစ်နိုင်လို့ ပုံမှန်အသုံးပြုဖို့ ခက်ခဲနေတတ်ပါတယ်။

ဒီလိုပြောလိုက်လို့ စိတ်ပျက်မသွားလိုက်ပါနဲ့။ နက်မှောင်တဲ့ ဆံကေသာ အတွက် အထူးပြု ထုတ်လုပ်ထားတဲ့ ထောလပတ်လို အစွမ်းထက်တဲ့ ဖော်မြူလာ ပါဝင်ပြီး လှပတဲ့ ဆံသားတိုင်းရဲ့ လျှို့ဝှက်အလှတရားတစ်ခုဖြစ်တဲ့ တောက်ပမှုအတွက် နောက်ဆုံးပေါ် Diamond Shine Technology နဲ့ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Sunsilk အနက်ရောင်အသစ် က သင်မက်မောတဲ့ ဂုဏ်ယူစရာအလှတရားတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။

အထူးသတင်းကောင်းအနေနဲ့ Sunsilk ခေါင်းလျှော်ရည်အသစ်ရဲ့ Diamond Shine နည်းပညာမှာ နေပူထဲ သွားလာလှုပ်ရှားနေရတဲ့ မြန်မာမိန်းခလေးများအတွက် အထူးသင့်တော်တဲ့ UV filer ပါဝင်လို့ ဆံသားမွဲခြောက်ခြင်း ကလည်း ကြိုတင်ကာကွယ်ပြီးသား ဖြစ်နေမှာပါ။

ဒီနေ့ပဲ သင့်ဆံကေသာအတွက် လှပခြင်းတွေ ပေးစွမ်းနိုင်မယ့် Sunsilk အနက်ရောင်အသစ်ကို အသုံးပြုပြီး ပိတုန်းရောင်ကေသာလို နက်မှောင်တောက်ပတဲ့ အလှတရားနဲ့ ကြယ်ပွင့်လေးလို အစွမ်းကုန်တောက်ပပြီး ပျော်ရွင်ဖွယ်နေရက်များကို ပိုင်ဆိုင်လိုက်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ