Lifestyle: အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ လျှော့တွက်တတ်ကြတဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှု

, updated

စီးပွားရေးလုပ်ငန်းတစ်ခုမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဟာ အရေးအပါဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။

 

စီးပွားရေး လုပ်ငန်းတစ်ခု စတင်ဖို့အတွက် အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုဟာ ဘဏ္ဍာရေးစီးဆင်းလည်ပတ်မှု ဖြစ်ပါတယ်။ Finicial ကို ကျွမ်းကျင်တက်မြောက်သူတွေ စီမံခန့်ခွဲမှသာ စီးပွားရေးလုပ်ငန်းတွေဟာ ကောင်းစွာ လည်ပတ်နိုင်မှာပါ။

Duwun Talks ဆွေးနွေးပွဲမှာ မစံပယ်အောင်နဲ့ ကိုရဲမြတ်မင်းတို့ ဆွေးနွေးခဲ့တဲ့ Finicial အခက်အခဲတွေအကြောင်း ပြန်လည် ဝေမျှလိုက်ပါတယ်။

ကိုရဲမြတ်မင်း

 

" ကျွန်တော့် လုပ်မိခဲ့တဲ့ အမှားတွေထဲကတစ်ခုကတော့ Finicial ပိုင်းပေါ့။ ကျွန်တော့်မှာ စာရင်းဇယား အတိအကျလုပ်မယ့်သူ မရှိခဲ့ဘူး။ ပိုက်ဆံက ဘယ်လိုထွက်သွားတယ်ဆိုတာမျိုး အကြမ်းဖျင်းသိပေမဲ့ အသေးစိတ်တိတိကျကျ မလုပ်နိုင်ခဲ့ဘူး။ အဲဒီနောက်တော့ ကျွန်တော် စာရင်းကိုင်ခန့်ထားပြီးတဲ့နောက်ပိုင်းမှ ပိုအဆင်ပြေလာခဲ့တာမျိုးပေါ့"

မစံပယ်အောင်

 

" လုပ်ငန်းစပြီး နည်းနည်းကြာတဲ့အချိန် မအောင်မြင်ရတဲ့ အကြောင်းရင်းကို ပြန်စစ်တော့ ကိုယ့်မှာ အတတ်ပညာမရှိတာတွေ တွေ့လာရတယ်။ ဘာတွေမသိဘူးလဲဆိုတော့ ဘဏ္ဍာရေး စီမံခန့်ခွဲတာကိုမသိဘူး။ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုကို ထဲထဲဝင်ဝင် မသိဘူး။ နောက်ထပ် ဘဏ္ဍာရေးအခက်အခဲတစ်ခုက ဘဏ်စနစ်ကြောင့်ပေါ့။ ၂၀၁၄ ခုနှစ်တုန်းက ကျွန်မတို့ရောင်းထားတဲ့ ပိုက်ဆံ ဒေါ်လာ ၁၉၀,၀၀၀ ကျော်က နိုင်ငံခြားဘဏ်မှာ ကိုးလလောက် block ဖြစ်သွားပါတယ်။ ဒါမျိုး အခက်အခဲတွေကို ရအောင် ကျော်လွှားရတာပေါ့ "

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး