Lifestyle: တူရကီငါးဈေးက လူမျက်နှာနဲ့ငါးကြီးတစ်ကောင်

မျက်မှန်တပ်ထားလိုက်ရင် စိတ်ဆိုးနေတဲ့လူကြီးနဲ့ တူပါတယ်။

play

တူရကီနိုင်ငံတောင်ပိုင်း၊ မာဆင်မြို့ကဈေးထဲမှာ ထူးထူးဆန်းပုံသဏ္ဌာန်နဲ့ ငါးကြီးတစ်ကောင်ကို ရောင်းချခဲ့ပါတယ်။ ငါးကြီးရဲ့ပုံက လူတစ်ဦးရဲ့မျက်နှာသွင်ပြင်နဲ့တူနေလို့ ဈေးဝယ်လာသူတွေကြား စိတ်ဝင်စားစရာဖြစ်ခဲ့ရပါတယ်။ ငါးနဲ့ဆယ်ဖီတွဲရိုက်သူတွေလည်း အများကြီးပါပဲ။

play

 

မျက်ခုံးတွေကျုံ့ထားသလိုမျိုးဖြစ်နေတဲ့ ငါးကြီးကို မျက်မှန်တစ်လက်သာ တင်ထားလိုက်ရင် စိတ်ဆိုးနေတဲ့လူကြီးတစ်ယောက်နဲ့တောင် တူနေပါသေးတယ်။ တကယ်တော့ ဒီငါးဟာ မြေခွေးငါးမန်းလို့ခေါ်တဲ့ ငါးမျိုးဖြစ်ပါတယ်။

play

 ပုံစံက အခြားငါးတွေနဲ့မတူဘဲ ကွဲထွက်နေလို့ လူတွေစိတ်ဝင်စားခဲ့ကြတာပါ။

Source : CEN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ