Lifestyle: တူ ရာသီဖွား မိန်းကလေးတွေနဲ့ သင့်လျော်တဲ့ အလုပ် (၅) မျိုး

သူတို့ဟာ အသေးစိတ်လေးတွေကိုတောင် ဂရုစိုက်စီစဉ်နိုင်သူတွေ ဖြစ်ပါတယ်။

 

၁ - ဂရက်ဖစ်ဒီဇိုင်နာ

  သူတို့ဟာ ဒီဇိုင်နာ မျက်လုံးရှိသူတွေဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်လူက ဘယ်လိုပုံစံလိုချင်တယ်ဆိုတာကို သိနိုင်သူတွေပါ။ တူရာသီဖွားမိန်းကလေးတွေဟာ အလုပ်ကို လွပ်လပ်စွာ လုပ်ရတာ ကြိုက်ပါတယ်။ အချိန်ကာလတစ်ခုမှာ အဆုံးသတ်မယ့် ပရောဂျက်လုပ်ငန်းမျိုး၊ Freelance မျိုး လုပ်တတ်ကြပါတယ်။

၂ - HR (Human Resource)

 

စကားပြောနိုင်စွမ်း၊ ယုံကြည်မှုတည်ဆောက်နိုင်စွမ်းတွေကြောင့် သူတို့ဟာ HR လုပ်ငန်းမျိုးမှာ သင့်လျော်သူတွေဖြစ်ပါတယ်။ တင်းမာနေတဲ့ အခြေအနေမှာတောင် သက်သောင့်သက်သာဖြစ်မယ့် စကားတွေ ပြောနိုင်သူ ဖြစ်ပါတယ်။

၃ - ရှေ့နေနဲ့ ဥပဒေလုပ်ငန်း

 

ရှေ့နေနဲ့ ဥပဒေလုပ်ငန်းတွေကလည်း သင့်လျော်ပါတယ်။ တူရာသီဖွားတွေဟာ ပါးနပ်ပြီး ကိစ္စရပ်တစ်ခုကို အစွဲကင်းကင်းနဲ့ ကိုင်တွယ်နိုင်သူတွေလည်း ဖြစ်ပါတယ်။

၎ - ပွဲစီစဉ်သူ

 

သူတို့ဟာ အသေးစိတ်လေးတွေကိုတောင် ဂရုစိုက်စီစဉ်နိုင်သူတွေ ဖြစ်ပါတယ်။

၅ - ဖက်ရှင်ဒီဇိုင်နာ

 

တူရာသီဖွားတွေရဲ့ အနုပညာဆန်မှုနဲ့ တီထွင်နိုင်စွမ်းရှိမှုတွေက ဒီအလုပ်အတွက် သင့်လျော်နေပါတယ်။

Photos & Source: Elite Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ