Lifestyle: စိတ်ပေါ်မူတည်ပြီး မြင်ရမယ့် ပုလင်းလေးတစ်လုံး

သင့်ရဲ့အမြင်ဟာ သင့်စိတ်နဲ့ သက်ဆိုင်နေပါသတဲ့။

play

 

ပုံကိုကြည့်လိုက်ပါ။ ပုံထဲက ပုလင်းလေးပေါ်မှာ မြင်နေရတာကိုလည်း သေသေချာချာ ကြည့်ပါဦး။ စုံတွဲတစ်တွဲကို မြင်မိတယ်ဆိုရင်တော့ အမြင်မှားနေတာဖြစ်ပါလိမ့်မယ်။ ဒါ့ပြင် သင်ပထမဆုံးမြင်လိုက်တဲ့ပုံရိပ်ဟာ သင့်စိတ်ကိုဖော်ကျူးနေတယ်လို့ Independent သတင်းမှာ ရေးသားထားပါတယ်။

တကယ်တော့ ဒီပုံဟာ လင်းပိုင် ၉ ကောင်ပုံကို ဆွဲထားတာပါ။ ပန်းချီဆရာ ဆန်ဒရို ဒဲလ် ပရိရဲ့ လက်ရာဖြစ်ပြီး  'Message d’Amour des Dauphins' လို့ အမည်ရပါတယ်။ ဦးနှောက်နဲ့ အမြင်အာရုံကို ရှုပ်ထွေးစေတဲ့ပန်းချီအဖြစ်လည်း လူတွေသိကြပါတယ်။

play

 

ပထမဆုံးမြင်မိတာက သင့်ရဲ့မှတ်ဉာဏ်နဲ့ သက်ဆိုင်ပါတယ်။ ဒွိဟဖြစ်စေတဲ့ပုံ ဖြစ်တာကြောင့် လူ့ဦးနှောက်က မှတ်မိနေပြီးသားအရာကို အရင်ဆုံးတွေးမိစေတာပါ။ လူကြီးတွေက စုံတွဲတစ်တွဲကို မြင်မိချိန်မှာ ကလေးတွေကတော့ လင်းပိုင်တွေကို တန်းပြီးမြင်ကြပါတယ်။ ကလေးတွေဟာ အရွယ်ရောက်ပြီးသူတွေလို အဝတ်ဗလာနဲ့ ချစ်ရေးချစ်ရာခန်းတွေ မမြင်ဖူးကြလို့ပါပဲ။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ