Lifestyle: အရွယ်အစားသေးပေမဲ့ လူတွေကိုဆေးကုပေးနိုင်တဲ့ ခွေးငယ်လေး

တစ်ပေတောင် မပြည့်တဲ့ သေးသေးကွေးကွေးအကောင်လေးပါ။

play

 

လူစီဟာ ကမ္ဘာပေါ်က အလုပ်လုပ်နေတဲ့ခွေးတွေထဲမှာ အကောင်အသေးဆုံးခွေးလေးဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုကတော့ လူတွေကို ဆေးကုသပေးတာပါ။

play

 

ယော့ရှိုင်းယားပြည်နယ်က တယ်ရီယာလေး လူစီဟာ အမြင့် ၅.၇ လက်မ ရှိပြီး အရှည်က ၇.၅ လက်မသာ ရှိပါတယ်။ တကယ့်ကို သေးသေးကွေးကွေး အကောင်လေးဆိုပေမဲ့ သူ့ကြောင့်ပဲ လူတွေရဲ့ဝေဒနာတွေ ပျောက်ကင်းသွားကြတယ်လို့ သိရပါတယ်။

play

 

လူစီဟာ သခင်ဖြစ်သူ ဆယ်လီမွန်တူဖာနဲ့အတူ နယူးဂျာစီတောင်ပိုင်းက မကျန်းမာသူတွေထံ သွားရောက်လည်ပတ်လေ့ရှိပါတယ်။ မကျန်းမာသူတွေက လူစီကိုပွေ့ဖက်လိုက်ရင်ကိုပဲ ခံစားနေရတဲ့ဒုက္ခပြဿနာတွေ၊ စိုးရိမ်သောကတွေ ယာယီပျောက်သွားသလို ခံစားရတယ်လို့ ဆိုကြပါတယ်။ လူစီဟာ အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းတာကြောင့် မကျန်းမာသူတွေရဲ့စိတ်ကို ကုစားပေးသလိုဖြစ်လာခဲ့ပါတယ်။

play
ဂရိတ်ဒိန်းခွေးကြီးနဲ့ လူစီကို အရွယ်အစားချင်းယှဉ်ပြထားပုံ

 

သူတို့ကို ကျောင်း၊ ကလေးဆေးရုံတွေနဲ့ သူနာပြုရိပ်သာတွေက ဖိတ်ခေါ်ရင် သွားရောက်ဖြစ်တယ်လို့ ဆယ်လီကပြောပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့ကြီးက လူစီ့ကို အလုပ်လုပ်နေတဲ့ခွေးတွေထဲမှာ အသေးငယ်ဆုံးခွေးလေးအဖြစ် ကမ္ဘာ့စံချိန်တင်ပေးခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ