Lifestyle: လိပ်ပြာသရဖူကြောင့် ပြုံးစိစိဖြစ်နေတဲ့ မိကျောင်းလေး

, updated

သူ့အပြုံးက ချစ်စရာကောင်းနေတော့ ကြောက်စရာသတ္တဝါလို့တောင် တွေးမိဖို့ ခဲယဉ်းသွားပါလိမ့်မယ်။

 

ပီရူးနိုင်ငံ အရှေ့တောင်ပိုင်းက လော့စ် အမီဂိုမြစ်ထဲမှာ ပြုံးစိစိဖြစ်နေတဲ့ မိကျောင်းလေးတစ်ကောင်ကို မြင်ရမှာပါ။ လိပ်ပြာရောင်စုံကြောင့်များ ကျေနပ်နေသလားဆိုတာ သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။

 

အရောင်အသွေး စုံလင်တဲ့ လိပ်ပြာလေးတွေဟာ သူ့ရဲ့ခေါင်းပေါ်မှာ နားနေတာကို သူက ဘာမှပြန်မလုပ်ခဲ့ပါဘူး။ မျက်နှာထားကသာ ပြုံးစိစိဖြစ်နေခဲ့လို့ ဓာတ်ပုံဆရာက သူ့ကိုဓာတ်ပုံရိုက်ဖြစ်ခဲ့တာပါ။

တုံးလေးတစ်တုံးပေါ်မှာလိုက်ပါမှီနေရင်း လိပ်ပြာတွေက သရဖူလိုမျိုး ဦးခေါင်းမှာနားနေတဲ့ မိကျောင်းလေးကိုမြင်ရတာဟာ ကြောက်စရာသတ္တဝါလို့တောင် တွေးမိဖို့ ခဲယဉ်းသွားပါလိမ့်မယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ