Lifestyle: ပူဖောင်းတွေကြည့်ပြီး ပျော်ရွှင်နေတဲ့ မင်းသားလေးဂျော့ဂ်ျရဲ့ ချစ်စဖွယ်ဓာတ်ပုံတွေ

ဒီလို ဖြူစင်တဲ့ ပျော်ရွှင်မှုမျိုး ရဖူးကြရဲ့လား။

play

 

တော်ဝင်မင်းသားလေး ဂျော့ဂ်ျနဲ့ သူ့ရဲ့ညီမငယ် မင်းသမီးလေး ရှားလော့တ်တို့ဟာ မိဘများနဲ့အတူ ကနေဒါကို ရောက်ရှိနေစဉ်အတွင်း ချစ်စရာအပြုအမူလေးတွေကို ပြုလုပ်ခဲ့ကြပါတယ်။

play

 

ကမ်းဘရစ်ခ်ျမြို့စားနဲ့ မြို့စားကတော်တို့ဟာ သူတို့ရဲ့ သားတော်လေးနဲ့ သမီးတော်လေးကို ဗစ်တိုးရီးယားမြို့ရဲ့ အစိုးရအိမ်တော်မှာ ပြုလုပ်တဲ့ ကလေးများပါတီကို လိုက်ပို့ပေးခဲ့ပါတယ်။

play

 

ဥယျာဉ်ပါတီပွဲမှာ ပူဖောင်းတိရစ္ဆာန်တွေအပြင် ကလေးတွေစီးဖို့ မြည်းပုလေးတွေတောင် ရှိပါတယ်။ ဒါပေမဲ့ မင်းသားလေး ဂျော့ဂ်ျကို ဆပ်ပြာပူဖောင်းတွေလောက် ပျော်ရွှင်မှုပေးနိုင်တဲ့အရာ မရှိခဲ့ပါဘူး။

play

 

ချစ်စရာကောင်းတဲ့ ဗြိတိန်မင်းသားလေးရဲ့ ဓာတ်ပုံတွေဟာ တွစ်တာမှာ ရေပန်းစားသွားခဲ့ပါတယ်။

play

 

ှSource & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ