Lifestyle: သင့်အိမ်ထဲက ပစ္စည်းတွေကို လွယ်လွယ်ကူကူ သန့်ရှင်းနည်း (၈) မျိုး

ဆီတွေစွန်းသွားတဲ့ အဝတ်ကို မလျှော်မီ မြေဖြူနဲ့ ပွတ်ထားလိုက်ပါ။

play

 

၁ - ဗီရိုကြားထဲက အညစ်အကြေးတွေကို ရှင်းဖို့ အတွက် မုန့်ဖုတ်ဆိုဒါနဲ့ ဟင်းသီးဟင်းရွက်ဆီကိုရောပြီး သုံးလို့ရပါတယ်။ သွားပွတ်တံနဲ့ ရှင်းထုတ်ရုံပဲ ဖြစ်ပါတယ်။

play

 

၂ - ကောဇောမှာ ဆီစွန်းရင် မုန့်ဖုတ်ဆိုဒါနဲ့ ရှင်းလို့ရပါတယ်။

play

 

၃ - ရေပိုက်ခေါင်းက အညစ်အကြေးတွေကို သံပရာသီးနဲ့ ပွတ်ပြီး ရှင်းပါ။

play

 

၎ - ဆီတွေစွန်းသွားတဲ့ အဝတ်ကို မလျှော်မီ မြေဖြူနဲ့ ပွတ်ထားလိုက်ပါ။

play

 

၅ - ကော်ဖီစွန်းရင်လည်း မုန့်ဖုတ်ဆိုဒါသုတ်ပြီး ရှင်းလို့ရပါတယ်။

play

 

၆ - sneaker လို ဖိနပ်တွေကို သွားတိုက်ဆေးသုံးပြီး ဆေးလိုက်ရင် အသစ်အတိုင်း ဖြစ်လာပါလိမ့်မယ်။

play

 

၇ - အိုးမှာ တူးရာထင်သွားတဲ့အခါ ရေနဲ့ ဗီနီဂါ နှစ်ဇွန်း ထည့်ပြီး ပွက်ပွက်ဆူအောင်ပြုတ်ပါ။ ပြီးရင် မီးဖိုက ပြန်ချပြီး မုန့်ဖုတ်ဆိုဒါသုံးကာ ဖျက်လို့ရပါတယ်။

၈ - ရေပန်းက အညစ်အကြေးတွေကို ရှင်းဖို့ ပလတ်စတစ်အိတ်ထဲ ဗီနီဂါထည့်ပြီး ရေပန်းမှာ စွတ်ထားလိုက်ပါ။

play

 

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ