Lifestyle: ကိုယ့်ကိုယ်ကိုယ် ပေးထားတဲ့ ကတိတွေတည်အောင် ဘယ်လိုလုပ်မလဲ

အချိန်ယူဖို့လည်း အရေးကြီးပါတယ်။

play

 

၁ - ရည်မှန်းချက်

တစ်ခုတည်းသော ဘဝရည်မှန်းချက် ချပြီးတာနဲ့ မပြီးပါဘူး။ ဒီဘဝရည်မှန်းချက်ကြီးအတွက် ရည်မှန်းချက်သေးသေးလေးတွေလည်း ချရမှာဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးတစ်ခုချပြီးတာနဲ့ အသေးစိတ်အစီစဉ်မရှိရင် သင်လုပ်သလောက် အရာမထင်သလို ဖြစ်နေပါလိမ့်မယ်။ သင့်ကိုယ်သင်လည်း အားမရသလို ဖြစ်နေပါလိမ့်မယ်။

၂ - အချိန်

play

 

အချိန်ယူဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပေးထားတဲ့ကတိတွေက များပါတယ်။ ကြီးမားပါတယ်။ ဒါပေမဲ့ အရမ်းအလောတကြီး လုပ်လွန်းတာကြောင့် ဘယ်အရာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာဘဲ ကိုယ့်ကိုယ်ကိုယ် ကတိမတည်သလို ဖြစ်တတ်ပါတယ်။

၃ - တန်ဖိုး

play

 

သင့်ကိုယ်သင် တန်ဖိုးထားဖို့လည်း လိုပါတယ်။ အထူးသဖြင့် ကိုယ့်အားသာချက်တွေကို ကိုယ်တန်ဖိုးထားရပါမယ်။ သင်အားသန်ရာကို သင် အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

၎ - အကူအညီ

play

 

ကတိတွေပေးထားပေမဲ့ ဒီကတိတွေ မတည်တာဟာ အမြဲလိုဖြစ်နေတယ်ဆိုရင် သင်အကူအညီလိုနေပါတယ်။ တစ်စုံတစ်ယောက်ကို သင်ပြောချင်တာတွေ ဖွင့်ပြောပါ။ သူတို့ဆီက အကြံညဏ်ယူပါ။ ဒီလိုပြောတဲ့အခါမှာတော့ ရိုးသားဖို့ လိုပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ