Lifestyle: ဆရာ ဆရာမတွေကို အသိအမှတ်ပြု သတိတရရှိနေစေဖို့ ကမ္ဘာ့ဆရာများနေ့

အောက်တိုဘာ ၅ ရက်ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ထားပြီး အထိမ်းအမှတ် အခမ်းအနားတွေ ကမ္ဘာတစ်ဝန်း ကျင်းပကြပါတယ်။

play


ကမ္ဘာ့ဆရာများနေ့ (World Teachers' Day) ကို ၁၉၉၄ ခုနှစ်မှ စတင်ပြီး နှစ်စဉ် အောက်တိုဘာလ ၅ ရက်မှ ဆရာ ဆရာမများအတွက် အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်း ကျင်းပပြုလုပ်လာခဲ့ပါတယ်။

play

ကမ္ဘာ့ဆရာများနေ့ ရည်ရွယ်ချက်မှာ ဆရာများကို ထောက်ခံအားပေးရန်နဲ့ အနာဂတ် မျိုးဆက်တွေရဲ့ လိုအပ်ချက်တွေကို ဆရားများက လမ်းပြဖြည့်ဆည်းပေးနိုင်ရန် ဖြစ်တယ်လို့ ဆိုပါတယ်။

play


ကမ္ဘာ့ဆရာများနေ့ဟာ ပညာရေးသင်ကြားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆရာတွေရဲ့ မရှိမဖြစ် အရေးပါမှုကို နားလည်သဘောပေါက်ပြီး အသိအမှတ်ပြုစေရန် လှုံ့ဆော်မှုလည်း ဖြစ်ပါတယ်။

play

 
အပြည်ပြည်ဆိုင်ရာ ပညာရေးအဖွဲ့အစည်း (Education International - EI) က ကမ္ဘာ့ဆရာများနေ့ကို ကမ္ဘာတစ်ဝန်းမှာ အသိအမှတ်ပြု ကျင်းပသင့်ကြောင်း အခိုင်အမာ ယုံကြည်ထားပါတယ်။

ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွေကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ကျင်းပလေ့ရှိတယ်လို့ ဆိုပါတယ်။ နှစ်စဉ် ကမ္ဘာ့ဆရာများနေ့နဲ့ ဆရာတွေရဲ့ အရေးပါမှုကိုလည်း ပိုမိုသိရှိလာစေရန် EI လှုံ့ဆော်မှုအစီအစဉ်တွေ ပြုလုပ်ကြောင်း သိရပါတယ်။
Source & Photo: Wikipedia, EI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ