Lifestyle: အရှည် ၄ ပေရှိတဲ့ ချစ်စရာကြောင်ကြီး

နယူးယော့ခ်မြို့မှာ အကြီးဆုံးကြောင် ဖြစ်ပါတယ်။

play

 

ကိုယ်အလေးချိန် ၂၈ ပေါင်ရှိပြီး အရှည် ၄ ပေရှိတဲ့ ကြောင်ကြီး ဆမ်ဆွန်ဟာ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးကြောင့် နာမည်ကြီးလှပါတယ်။

ခွေးတွေလို ပြေးလွှားဆော့ကစားတတ်တဲ့ ကြောင်ကြီးဟာ ချစ်ခင်သူပေါလှပြီး အင်စတာဂရမ်မှာ Follower ၁၀၄,၀၀၀ ရှိပါတယ်။

အသက် ၄ နှစ်အရွယ် ကြောင်ကြီးရဲ့ ပိုင်ရှင်က ဒီဂျေ ဂျွန်နသန်ဇာဘယ်လ် ဖြစ်ပါတယ်။

play

 

"သူ့ကို ကျွန်တော့်အစ်ကိုဆီက ရတာ။ အင်စတာဂရမ်အကောင့်ဖွင့်ပြီး ဆယ်လီဖြစ်အောင် လုပ်ပေးလိုက်တာ အခုဆိုရင် နာမည်ကြီးတဲ့ ကြောင်ကြီး ဖြစ်နေပြီ" လို့ ဂျွန်နသန်က ဆိုပါတယ်။

"တိရစ္ဆာန်ဆေးကုဆရာဝန်ဆီသွားတော့ မှတ်ပုံတင်ထားသမျှထဲမှာ အကြီးဆုံး ကြောင်ကြီးလို့ ပြောတယ်" လို့ သူက ပြောခဲ့ပါတယ်။

play

 

ချစ်စရာကောင်းလှတဲ့ ကြောင်ကြီးဟာ အကောင်ကြီးသလို အစားလည်း ကြီးလှပြီး တစ်နေ့ကို အစားအစာ ၈ ဘူး စားနိုင်ပါတယ်။

"သူက အရမ်းနူးညံ့တယ်။ စိတ်ရင်းလည်းကောင်းတယ်။ ဘယ်တော့မှ စိတ်မဆိုးဘူး။ ခွေးတွေနဲ့လည်း တည့်တယ်" လို့ ဂျွန်နသန်က သူ့ရဲ့ ကြောင်ကြီးအကြောင်းကို ဂုဏ်ယူစွာ ပြောခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ