Lifestyle: အမွေးလုံးဝမရှိတဲ့ သနားစဖွယ် ကြက်တူရွေးလေး

နေမကောင်းဖြစ်ပြီး အမွေးတွေ မပေါက်တော့တာပါ။

play

 

ကြက်တူရွေးလေးတစ်ကောင်ဟာ နေမကောင်းဖြစ်ပြီးတဲ့နောက် အမွေးတွေ မပေါက်တော့ဘဲ အမွေးတုံးလေးဖြစ်သွားပေမဲ့ သူ့ကို မွေးစားခဲ့တဲ့ မိန်းကလေးဟာ ချစ်စဖွယ် သိုးမွေးဝတ်စုံလေးတွေ ချုပ်ပေးခဲ့တဲ့အပြင် အင်စတာဂရမ်မှာလည်း အကောင့်တစ်ခု ဖွင့်ပေးကာ ငှက်လေးရဲ့ပုံတွေကို တင်ခဲ့ပါတယ်။

play

 

အမေရိကန်ပြည်ထောင်စု၊ မန်ဆက်ချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့က  Back Bay Veterinary ဆေးခန်းက  Psittacine Beak and Feather လို့ခေါ်တဲ့ ရှားပါးကူးစက်ရောဂါ တစ်မျိုး ခံစားနေရတဲ့ ငှက်ကလေးကို ကယ်ဆယ်ကာ သူ့အကြောင်းကို ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။

play

 

သနားစရာငှက်ငယ်လေးကို ချစ်ခင်သွားတဲ့ ဘော်စတွန်မြို့နေ အစ္စဘယ်လာအီဆန်မန်ဆိုတဲ့ မိန်းကလေးဟာ ရီရာကို မွေးစားကာ အင်စတာဂရမ်အကောင့်တစ်ခု ဖွင့်ပေးခဲ့တာ ဖြစ်ပြီး အခုဆိုရင် ငှက်လေးမှာ Follower ၁၂၂,၀၀၀ တောင် ရှိနေပါပြီ။

play

 

သူများနဲ့မတူခြင်းဟာ အလှတရားတစ်ခုဖြစ်တယ်ဆိုတာ ပြသချင်တဲ့ ဂရပ်ဖစ်ဒီဇိုင်နာ အစ္စဘယ်လာဟာ ရီရာလေးကို သိုးမွေးဝတ်စုံ အမျိုးမျိုးချုပ်လုပ် ဝတ်ဆင်ပေးကာ ဓာတ်ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

play

 

"အခုဆိုရင် ရီရာအတွက် ဆွယ်တာလှလှလေးတွေ ပို့ပေးကြလို့ အများကြီး ရှိနေပါပြီ။ သူ့မှာ အမွေးတွေမရှိတော့ အေးတယ်လေ။ သူက မပျံနိုင်ပါဘူး။ ဒါပေမဲ့ အရမ်း ခေါင်းမာပြီး ကြိုးစားနေတုန်းပဲ။ သူက ဘာမှမကြောက်တတ်ဘူး" လို့ အစ္စဘယ်လာက ပြောပြခဲ့ပါတယ်။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ