Lifestyle: မြန်မာငွေ ၄ သိန်းမှ သိန်း ၆၀၀ ကျော်တန်အထိရှိတဲ့ ကလေးကစားစရာ အိမ်လေးများ

အလွန်ချမ်းသာတဲ့ မိဘတွေသာ ဝယ်ပေးနိုင်မှာပါ။

play

 

အမေရိကန် အွန်လိုင်း အရောင်းဆိုင်တစ်ခုဖြစ်တဲ့ pOSHtOTS က ချစ်စရာအကောင်းဆုံး ကလေးကစားစရာအိမ်လေးတွေကို ရောင်းချနေတာ ဖြစ်ပါတယ်။

play

 

တချို့အိမ်လေးတွေက အရမ်းကို စိတ်ကူးယာဉ်ဆန်လှပြီး လူနေတိုက်ခန်းတချို့ထက်တောင် ဈေးကြီးနေတာကို တွေ့ရပါတယ်။

play

 

ဈေးနှုန်းတွေက အမျိုးမျိုးရှိပြီး အနိမ့်ဆုံး ဒေါ်လာ ၃၂၀ (မြန်မာငွေ ၄ သိန်းခန့်) မှ အများဆုံး ဒေါ်လာ ငါးသောင်းကျော် ( မြန်မာငွေ သိန်း ၆၀၀ ခန့်) အထိရှိပါတယ်။

play

 

လူကြိုက်အများဆုံး အိမ်လေးတွေကတော့ မင်းသမီးအိမ်လေးနဲ့ မီးသတ်အိမ်တို့ ဖြစ်ပြီး နှစ်ခုစလုံးကို ဝယ်ယူမယ်ဆိုရင် ဒေါ်လာ ၁၈,၀၀၀ ကျော် (မြန်မာငွေ သိန်း ၂၃၀ ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။

play

 

ှSource & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ