Lifestyle: ရေသူမလို နေထိုင်တဲ့ လူမည်းအမျိုးသား

ဒဏ္ဍာရီပုံပြင်တွေထဲကလို ဖြူဖြူချောချော မိန်းမလှလေးတော့ မဟုတ်ပါဘူး။

play

 

ရေသူမလေးတစ်ယောက်ရဲ့ပုံစံကို စိတ်ကူးနဲ့ ဖော်ပြလို့ လူတစ်ယောက်ကမေးရင် ရွှေအိုရောင်ဆံပင်၊ အသားဖြူဖြူ၊ မျက်လုံးပြာပြာလေးနဲ့လို့ ပြောမိကြမှပါ။

ဒါပေမဲ့ အဲဒီလို လူတွေသတ်မှတ်ထားတဲ့ ရေသူမပုံစံနဲ့မတူတဲ့ ရေသူထီးလေးတစ်ယောက်ဟာ ရေထဲမှာ ကူးခတ်နေပြီး ရေသူမဘဝကို လူမည်းတွေလည်း ပိုင်ဆိုင်နိုင်ကြောင်း ပြသလိုက်ပါတယ်။

play

 

အတ္တလန္တာမှာနေထိုင်တဲ့ ဘလစ်ဟာ ရေသူမလို အမြဲနေထိုင်ရင်း အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပြီး မိန်းမလျာတစ်ယောက်လည်း ဖြစ်ပါတယ်။

"ကျွန်တော့်တစ်ဘဝလုံး ရေသူမတွေ၊ ရေသူထီးတွေလို စားတယ်၊ အိပ်တယ်၊ အသက်ရှူတယ်" လို့ သူက ဆိုပါတယ်။

play

 

"ကျွန်တော့်ရဲ့ ခြေထောက်တွေကို စောင်တွေနဲ့ထုတ်ပြီး ရေသူမပုံစံဖြစ်အောင် ပုံဖော်လေ့ရှိတဲ့အတွက် ကျွန်တော့်မိသားစုက ကျွန်တော့်ကို ရေသူထီးအဖြစ် သိနေတာ တော်တော်ကြာပါပြီ" လို့လည်း ဘလစ်က ပြောခဲ့ပါတယ်။

ဘလစ်ရဲ့အဘွား နာတာရှာဂျိမ်းစ်ဟာ ဘလစ်အတွက် ဆီလီကွန်အမြီး ပြုလုပ်ပေးခဲ့သူ ဖြစ်ပြီး အဲဒီအတွက်လည်း မိတ်ဆွေတွေ အဆုံးရှုံးခံလိုက်ရတယ်လို့ ဆိုပါတယ်။

play

 

"ကျွန်မကို ရူးနေပြီလို့ လူတွေက ပြောကြတယ်။ ကျွန်မ ဒါတွေကို စလုပ်တော့ မိတ်ဆွေတွေ အများကြီး ဆုံးရှုံးလိုက်ရတယ်။ အသားမည်းရေသူမမှ မရှိတာ ဘာလို့ ဒီလိုလုပ်နေတာလဲလို့ ပြောကြတယ်" လို့ နာတာရှာက ပြောပြပါတယ်။

အားလုံးက မဖြစ်နိုင်ဘူးလို့ ပြောနေတဲ့ကြားက ဘလစ်ဟာ ရေသူမလို နေနိုင်အောင် ကြိုးစားခဲ့ရာကနေ အခုဆိုရင် ပါတီတွေမှာ သူ့ကို ငှားရမ်းဖို့အတွက် ဒေါ်လာ ၃၅၀ အထိတောင် ပေးသူတွေ ရှိနေပါပြီ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ