Lifestyle: အသက် ၃၁ နှစ်ပြည့် မွေးနေ့ကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံးကြောင်

ကြောင်ကြီးရဲ့နာမည်က နက်မက်ခ်ဖြစ်ပါတယ်။

play

 

နက်မက်ခ်ဆိုတဲ့ ကြောင်ကြီးကို လက်ရှိပိုင်ရှင်တွေက ၁၉၉၀ ပြည့်နှစ်တုန်းက သူတို့ရဲ့အိမ်နောက်ဘက်က ပန်းခြံထဲမှာ ကောက်ရခဲ့တာ ဖြစ်ပါတယ်။

ကြောင်ကြီးကို လစ်ဇ်နဲ့ ဖင်လေတို့ ဇနီးမောင်နှံ တွေ့ရှိခဲ့တုန်းက သူ့ရဲ့လည်ပင်းမှာ ပြည်တည်နာပေါက်နေတဲ့အတွက် ကြောင်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဆီ ခေါ်သွားခဲ့ရာ သူဟာ အနည်းဆုံး အသက် ၅ နှစ်ရှိပြီလို့ အဲဒီမှာရှိတဲ့ တိရစ္ဆာန်ဆရာဝန်က ပြောလိုက်တယ်လို့ ဆိုပါတယ်။

play

 

"သူ့ကို မတ်လ ၁၉၉၀ က တွေ့ခဲ့တာဖြစ်လို့ သူ့ရဲ့မွေးနေ့ကို မတ်လတိုင်း ကျင်းပပေးတယ်" လို့ သူတို့က ဆိုပါတယ်။

နက်မက်ခ်ဟာ သွားသုံးချောင်းသာ ကျန်တော့ပေမဲ့ ကြက်သားကိုတော့ အလွန်ကြိုက်ပြီး အစာစားချင်တိုင်း ရေခဲသေတ္တာနားမှာ ရပ်နေလေ့ရှိပါတယ်တဲ့။

play

 

သူ့ရဲ့အသက်သာ ၃၁ နှစ်သာ မှန်ကန်တယ်ဆိုရင် သူဟာ ကမ္ဘာ့အသက်အကြီးဆုံး ကြောင်ဖြစ်ပြီး အသက်အကြီးဆုံးကြောင်အဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ အသက် ၂၆ နှစ်ရှိ ကော်ဒရွိုင်ဆီက သရဖူကို လွှဲပြောင်းရယူနိုင်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ