Lifestyle: သင်ဟာ အရောင်းအဝယ်သမား မဖြစ်နိုင်ဘူးဆိုတဲ့ လက္ခဏာ (၄)ခု

ရှာရင် ရှာသလောက်ရမယ်ဆိုတာမျိုးက သင့်ကို မတက်ကြွစေဘူးဆိုရင်တော့ အရောင်းအဝယ်သမား မလုပ်သင့်ပါဘူး။

play

 

၁ - ငြင်းပယ်ခံရမှာ ကြောက်တယ်

တစ်ခုခုကို ငြင်းပယ်ခံရမှာ သူများထက်ကြောက်တာ၊ ကိုယ့်ကို တစ်ဖက်ကလက်မခံမှာ သူများထက် ကြောက်တတ်တာတွေဟာ အရောင်းအဝယ်သမားကောင်း မဖြစ်နိုင်တဲ့ လက္ခဏာတွေပါ။ အရောင်းအဝယ်သမားကောင်းဟာ ဒီလိုငြင်းပယ်မှုတွေကို သူများထက် ခံနိုင်ရည်ရှိသူတွေပါ။

play

 

၂ - ပိုက်ဆံက သင့်ကို မတက်ကြွစေဘူး

ရှာရင် ရှာသလောက်ရမယ်ဆိုတာမျိုးက သင့်ကို မတက်ကြွစေဘူးဆိုရင်တော့ အရောင်းအဝယ်သမား မလုပ်ဘဲ အတတ်ပညာနဲ့ အသက်မွေးတဲ့ အလုပ်မျိုးသာ ရွေးသင့်ပါတယ်။  ငွေကြေးနဲ့ သင့်ကိုဆွဲဆောင်လို့မရဘူးဆိုရင်လည်း အရောင်းအဝယ်သမားကောင်း မဖြစ်နိုင်ပါဘူး။

play

 

၃ - အဆိုးမြင်

အရောင်းအဝယ်သမားတွေဟာ တစ်ချိန်လုံးအကောင်းမြင်စိတ်ကို ထိန်းထားရပါတယ်။ တစ်ဦးနဲ့ တစ်ဦးကြား ယုံကြည်မှုကို ထိန်းထားရပါတယ်။ အဆိုးမြင်တတ်တဲ့ စိတ်က ဘယ်လိုမှ အဆင်မပြေပါဘူး။

play

 

၎ - အကဲဆတ်

လူတွေနဲ့ ဆက်ဆံရေးမှာ အထိမခံတဲ့ စိတ်ရှိတာ၊ အကဲဆတ်တာမျိုးကလည်း အရောင်းအဝယ်သမား အဖြစ် မရပ်တည်သင့်တဲ့ အချက်တွေပါ။

Photos & Source: Life Hack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ