Lifestyle: ဖိအားတွေ များနေရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

ခဏနားလိုက်ပြီး ၁၀ မိနစ်လောက် လမ်းလျှောက်ထွက်ပါ။

play

 

၁ - အစီအစဉ်ချ

လုပ်ရမယ့် အလုပ်တွေ အကုန်လုံးကို မလုပ်ခင်အစီစဉ်ချလိုက်တာဟာ တစ်ဝက်လောက် ပြီးသွားသလိုပါပဲ။ လုပ်ရမယ့် အလုပ်က ရှင်းရှင်းလင်းလင်းရှိသွားတာဟာ အတန်အသင့် ဖိအား လျော့ကျသွားပါတယ်။

  play

 

၂ - တစ်စုံတစ်ယောက်ကို ချီးကျူး

စိတ်ပိုင်းဆိုင်ရာအရ တန်ပြန် တိုက်စစ်မျိုးပါ။ ကိုယ်ဖိအားတွေ များနေပေမဲ့ တစ်စုံတစ်ယောက်ကို ချီးကျူးအားပေးလိုက်တာဟာ သင့်ကို စိတ်သက်သာမှုရစေပါတယ်။

၃ - အားဖြစ်စေမယ့် စာ

စိတ်အားတက်ကြွစေမယ့် အဆိုအမိန့်တစ်ခုကို ဖတ်လိုက်တာဟာလည်း သင့်ကို စိတ်ထွက်ပေါက် ဖြစ်စေပါတယ်။

play

 

၎ - လမ်းလျှောက်ထွက်

အလုပ်က ခဏနားလိုက်ပြီး ၁၀ မိနစ်လောက် လမ်းလျှောက်ထွက်ပါ။ လမ်းလျှောက်ချိန်မှာ အလုပ်အကြောင်း မစဉ်းစားပါနဲ့။ ပြီးမှ လုပ်စရာရှိတဲ့ အလုပ်ကို အစီအစဉ်အတိုင်း တစ်ခုပြီး တစ်ခု လုပ်သွားပါ။

play

 

၅ - ပြုံးပါ

လူတွေကို ပြုံးပြပါ။ ပြုံးခြင်ဟာ သင့်ရဲ့စိတ်အခြေအနေကို အကောင်းဘက် ရောက်လာစေပါတယ်။

၆ - အလေ့အကျင့်

ညဘက် အိပ်ခါနီး ဖုန်းသုံးတာ၊ အလုပ်လုပ်နေတုန်း ဆိုရှယ်မီဒီယာ သုံးတာ စတဲ့ အနှောင့်အယှက်ဖြစ်စေတဲ့ အလေ့အကျင့်တွေကို ရှောင်ပါ။

Photos & Source: Life Hack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ