Lifestyle: ခွေးတွေက အချိန်ကိုပါ အနံ့ခံနိုင်တယ်လို့ ယူဆရ

ခွေးတွေဟာ လူတွေမရတဲ့ အနံ့တွေကိုပါ ရရှိသူတွေဖြစ်ပါတယ်။

play

 

အလက်ဇန္ဒားဟော်ရိုဝှစ်ဟာ သူမရဲ့ ခွေးသုတေသနစာအုပ်သစ် Being adong ထဲမှာ ခွေးတွေဟာ အနံ့ကနေတစ်ဆင့် အချိန်ကိုပြောနိုင်တယ်ဆိုတဲ့ သီအိုရီတစ်ခုကို အဆိုပြုခဲ့ပါတယ်။

ခွေးတွေရဲ့ နှာခေါင်းတွေဟာ အရမ်းကို နားလည်ရခက်ပြီး လူတွေမရရှိတဲ့ အနံ့တွေကိုတောင် ရနိုင်ပါတယ်။ အဲဒါဟာ သူတို့မှာ အနံ့ခံအာရုံက အကောင်းဆုံးဖြစ်နေပြီး ကမ္ဘာကြီးကို နားလည်နိုင်ဖို့အတွက် အနံ့တွေကို အသုံးပြုကြသူတွေ ဖြစ်နေလို့ပါပဲ။

play

 

ဥပမာ အိမ်ရဲ့အနံ့ဟာ လေအပူချိန်ကြောင့် မနက်နဲ့ ညမတူဘူးလို့ ဆိုထားပါတယ်။

ခွေးတွေက ပြောင်းလဲသွားတဲ့ အဲဒီအနံ့တွေကနေတစ်ဆင့် မနက်လား၊ နေ့လယ်လား၊ ညလားဆိုတာ သိတယ်လို့ ဆိုပါတယ်။

Source & Photos :

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ