Lifestyle: ကိုယ့်လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမယ့်သူကို ချဉ်းကပ်တဲ့အခါ လိုက်နာသင့်တဲ့ အကြံပြုချက် ၃ ချက်

, updated

အရင်းအနှီးရန်ပုံငွေရှာရတာဟာ လုပ်ငန်းတစ်ခုစတင်တဲ့အချိန်မှာ ရင်ဆိုင်ရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ အဲဒီလိုကိုယ်လိုအပ်တဲ့ အရင်းအနှီးကို ထည့်ဝင်နိုင်ချေရှိတဲ့ ရင်းနှီးမြုပ်နှံသူကို ကမ်းလှမ်းမှုတွေပြုလုပ်တဲ့အခါ အထိရောက်ဆုံးနည်းလမ်းက လူချင်းတွေ့ပြီး ကိုယ့်လုပ်ငန်းအကြောင်းရှင်းပြတာပဲ ဖြစ်ပါတယ်။

 

play

 

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

အရင်းအနှီးရန်ပုံငွေရှာရတာဟာ လုပ်ငန်းတစ်ခုစတင်တဲ့အချိန်မှာ ရင်ဆိုင်ရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ အဲဒီလိုကိုယ်လိုအပ်တဲ့ အရင်းအနှီးကို ထည့်ဝင်နိုင်ချေရှိတဲ့ ရင်းနှီးမြှုပ်နှံသူကို ကမ်းလှမ်းမှုတွေပြုလုပ်တဲ့အခါ အထိရောက်ဆုံးနည်းလမ်းက လူချင်းတွေ့ပြီး ကိုယ့်လုပ်ငန်းအကြောင်းရှင်းပြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ ကိုယ့်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံနိုင်ချေရှိလောက်တဲ့သူတွေကို မှန်မှန်ကန်ကန်ရှာနိုင်ဖို့ လိုပါတယ်။ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမယ့် သူကိုရှာဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်လုပ်ကိုင်မယ့် လုပ်ငန်းနယ်ပယ်မျိုးမှာ လုပ်ကိုင်ပြီးအောင်မြင် နေပြီးသား လုပ်ငန်းရှင်ကြီးတွေ၊ ဒါမှမဟုတ် ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်ကို စိတ်ဝင်တစားရှိပြီးသားသူတွေကို ရှာဖွေတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံနိုင်ချေရှိတဲ့ သူကိုတွေ့ထားပြီး မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး ခွင့်လည်း ရလို့ သွားတွေ့ဆုံတော့မယ်ဆိုရင်တော့ အောက်မှာ ဖော်ပြမယ့်အချက် ၃ ချက်ကို မမေ့ဖို့လိုပါတယ်။

play

 

၁။ ကိုယ်နိုင်နိုင်နင်းနင်း ရှင်းလင်းတင်ပြနိုင်မယ့် ကိန်းဂဏန်းစာရင်းဇယားတွေကို ယူဆောင်သွားပါ

ရင်းနှီးမြှုပ်နှံမယ့်သူဆီမသွားခင် ကိုယ်အမှန်တကယ် လိုအပ်မယ့်အရင်းအနှီးပမာဏကို သေချာတွက်ချက်ထားပါ။ ကိုယ့်ရဲ့ အိုင်ဒီယာကို လျှော့ပေါ့ပြီးမတွက်ချက်ပါနဲ့။ ဒါပေမဲ့ အလွန်အမင်းချဲ့ကားပြောဆိုတာမျိုးကလည်း အရာမရောက်ဘူးဆိုတာ သတိရပါ။ စွန့်ဦးတီထွင်သူအများစုဟာ ကိုယ့်လုပ်ငန်းအတွက် အရင်းအနှီးဘယ်လောက်လိုချင်သလဲဆိုရင် ပမာဏ အတိအကျတန်းပြောနိုင်ကြပေမဲ့ အဲဒီငွေကိုဘယ်နေရာတွေမှာသုံးမှာလဲဆိုတဲ့မေးခွန်းကိုတော့ ကဏ္ဍအလိုက် တိတိကျကျ ရှင်းရှင်းလင်းလင်း မဖြေနိုင်တတ်ကြပါဘူး။ ဒါကြောင့်အဲဒီလိုမဖြစ်ရအောင် ကိုယ့်ဘက်က စာရင်းဇယားတွေ ကို ကြိုတင်ပြီး သေသေချာချာတွက်ချက်ပြင်ဆင်ထားနိုင်ဖို့ အရေးကြီးပါတယ်။

၂။ ရိုးသားပါ

ရင်းနှီးမြှုပ်နှံသူတွေ ကိုယ့်ကိုအထင်ကြီးစေချင်ပါသလား။ ကိုယ့် အိုင်ဒီယာရဲ့အလားအလာနဲ့ပတ်သက်လို့ အပိုချဲ့ကား မပြောဆိုပါနဲ့။ ရင်းနှီးမြှုပ်နှံသူတွေဟာ ခပ်တုံးတုံးတွေမဟုတ်ပါဘူး။ တကယ်ယုံကြည်လို့ပြောနေတာလား၊ အပိုချဲ့ကား ပြောနေတာလားဆိုတာကို သူတို့ကခွဲခြားသိနိုင်ကြပါတယ်။ ဒါကြောင့် ကိုယ့်အိုင်ဒီယာနဲ့ပတ်သက်လို့ ကိုယ်ယုံကြည် ထားတဲ့အတိုင်းပဲ ရိုးရိုးသားသားပြောတာ အကောင်းဆုံးပါ။

၃။ အငြင်းခံရ တဲ့အခါ စိတ်မပျက်ပါနဲ့။

ကိုယ်ကတစ်ခုခုကမ်းလှမ်းလိုက်တာကို တစ်ဖက်က ပြန်ငြင်းဆန်လိုက်တာဟာ စီးပွားရေးနယ်ပယ်မှာ ဖြစ်နေကျကိစ္စတစ်ခု ပါ။ တကယ်တော့ ပြတ်ပြတ်သားသားအငြင်းခံလိုက်ရတာက ဟိုလိုလို၊ ဒီလိုလိုအပြောခံရတာထက် ပိုကောင်းပါတယ်။ ကိုယ့်အနေနဲ့နောက်ထပ်အလားအလာရှိတဲ့ လူတွေကိုထပ်မံရှာဖွေဖို့ပဲလိုတာပါ။ တကယ်လို့ရင်းနှီးမြှုပ်နှံသူတစ်ယောက်က ကိုယ့်ကို ငြင်းလိုက်ပြီဆိုရင် ပထမဆုံးအနေနဲ့ အချိန်ပေးပြီးတွေ့ဆုံပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း သတိတရ ပြောပါ။ ပြီးရင် သူ့ရဲ့အသိမိတ်ဆွေတွေထဲမှာ ကိုယ့်ရဲ့လုပ်ငန်းကို စိတ်ဝင်စားလောက်မယ့်သူများရှိနိုင်လားဆိုတာ မေးမြန်းဖို့လည်း မမေ့ပါနဲ့။ ဒီနည်းလမ်းနဲ့ပဲ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ပိုမိုရရှိလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ကြိမ်အငြင်းခံရပြီးတဲ့နောက်မှာ ဘာကြောင့်အငြင်းခံရတာဖြစ်နိုင်သလဲဆိုတဲ့ အချက်တွေကို ပြန်လည်သုံးသပ်ဖို့လည်း မမေ့ဖို့လိုပါတယ်။

စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.theventure.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှု့နိုင် ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ