Lifestyle: ပန်းစည်းလှလှ ကိုယ်တိုင်ပြုလုပ်နည်း

အလွယ်ဆုံး နည်းလမ်းတစ်ခုပါ။

play

 

လက်ဆောင်ပေးလိုလို့ပဲဖြစ်ဖြစ် ပန်းအိုးထဲမှာ အလှစိုက်လိုလို့ပဲဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်။

play

 

အဆင့် လေးဆင့်ပဲ ပြုလုပ်ရမှာပါ။

အဆင့် ၁ - ကြိုက်တဲ့ပန်းပွင့်တွေကို ရွေးချယ်ပြီး မလိုအပ်တဲ့ အရွက်တွေကို ဖယ်လိုက်ပါ

play

 

နှင်းဆီပန်းကတော့ အကောင်းဆုံးဖြစ်ပေမဲ့ မိမိကြိုက်ရာ ပန်းတွေကို ရွေးချယ်နိုင်ပါတယ်။ အရောင်စုံရင်တော့ ပိုပြီး ပေါ်လွင်ပါတယ်။

အဆင့် ၂ - ပန်းပွင့်နှစ်ပွင့်ကို ယူပြီး ကန့်လန့်ဖြတ် ကိုင်လိုက်ပါ

play

 

ကိုင်ရတာခက်ပြီး တစ်မျိုးကြီးလို့ထင်ရပေမဲ့ အဲဒီအတိုင်းပဲ ဆက်လုပ်ပါ။

အဆင့် ၃ - တခြားပန်းတွေကိုလည်း အဆင့် ၂ က နည်းလမ်းအတိုင်း ဆက်စီသွားပါ

play

 

မတူတဲ့အရောင်လေးတွေကို တလှည့်စီရွေးချယ်သွားတာ ပိုကောင်းပါတယ်။ လက်ထဲမှာ ကိုင်ရတာ အထာမကျဖြစ်နေပြီး အစမှာ လုပ်တာမှားနေတယ်လို့ ထင်မိပါလိမ့်မယ်။

အဆင့် ၄ - အရင်းကနေ စည်းနှောင်လိုက်ပါ

play

 

ကြိုးသေးသေးတစ်ချောင်းကို ယူပြီး ကန့်လန့်ဖြတ်လုပ်ထားတဲ့နေရာရဲ့ အောက်နားကနေ ကပ်ပြီး စည်းနှောင်လိုက်ပါ။

အဆင့် ၅  - ပန်းစည်း ပြီးသွားပါပြီ

play

 

လှပတဲ့ ပန်းစည်းလေးတစ်ခုကို သင့်လက်ထဲမှာ တွေ့ရပါလိမ့်မယ်။

play

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ