Lifestyle: အိမ်ထဲမှာ သင် မှားယွင်းထားသိုမိနိုင်တဲ့ ပစ္စည်း (၅) ခု

သင့်ရဲ့အမှတ်တရတွေကို လွင့်ပြယ်ပျက်စီးသွားတာမျိုး ခွင့်မပြုသင့်ပါဘူး။

play

 

၁ - အရေးကြီး စာရွက်စာတမ်း

play

 

စာရွက်စာတမ်းတွေဟာ အရေးကြီးပါတယ်။ အချို့က အခုမလိုပေမဲ့ တစ်ချိန်မှာ အရေးကြီးလာနိုင်တာပါ။ ဒီလိုစာရွက်စာတမ်းတွေကို ဖြစ်သလို ထားမိတတ်ပါတယ်။ အမှန်တကယ်က လုံခြုံစိတ်ချတဲ့နေရာမှာ သေချာ သိမ်းရမှာ ဖြစ်ပါတယ်။

၂ - အမှုန့်

play

 

တစ်ယောက်တည်းနေတဲ့ အိမ်တွေ၊ ယောက်ျားလေးတွေပဲ နေတဲ့အိမ်တွေမှာ တွေ့ရတတ်ပါတယ်။ ဆား၊ သကြား၊ နနွင်းမှုန့်လို အမြဲအသုံးပြုတဲ့ အမှုန့်တွေကို ဝယ်လာတဲ့အထုပ်အတိုင်း ထားပြီး ပုလင်းတစ်လုံးထဲ သိမ်းမထားတာ ဖြစ်ပါတယ်။

၃ - ဓာတ်ပုံ

play

 

သင့်ရဲ့အမှတ်တရတွေကို လွင့်ပြယ်ပျက်စီးသွားတာမျိုး ခွင့်မပြုသင့်ပါဘူး။ ဖိုတိုအယ်ဘမ်လေးနဲ့ သေချာ သိမ်းထားသင့်ပါတယ်။

၎ - အဝတ်အစား

play

 

ရေတိုသုံးဖို့အတွက် အံဆွဲထဲ ထည့်ထားသင့်ပါတယ်။ ရေရှည်အတွက်ဆိုရင် လေပေါက်ပါတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။

၅ - မသုံးတဲ့ပစ္စည်း

play

 

သင် လုံးဝအသုံးမလိုတော့တဲ့ ပစ္စည်းကိုလွှင့်ပစ်ပါ။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ပေးလိုက်ပါ။ မပစ်ဘဲ တစ်နေရာရာမှာ စုထားတာဟာ အခန်းနေရာလည်း ယူသလို သင်ချစ်တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကိုပါ လျော့ကျစေပါတယ်။

Photos & Soure: Prevention

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ