Lifestyle: ဒူဘိုင်းကားနံပါတ်ပြားတစ်ခု ဒေါ်လာ ၉ သန်းနဲ့ လေလံအောင်

, updated

နံပါတ်တပ်မယ့်ကားကလည်း တန်ဖိုးကြီးရိုးလ်ရွိုက်စ်ကားပါ။

play

 

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့က လေလံပွဲတစ်ခုမှာ ကားနံပါတ်တစ်ခုဟာ ကန်ဒေါ်လာ ၉ သန်းအထိ ပေါက်ဈေးနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။

play

 

စနေနေ့ကပြုလုပ်ခဲ့တဲ့ အစိုးရလေလံပွဲတစ်ခုမှာ D5 ကားနံပါတ်ပြားကို ဒါဟမ် ၃၃ သန်း (ကန်ဒေါ်လာ ၉ သန်း)နဲ့ လေလံဆွဲသွားခဲ့တယ်လို့ ဒေသခံသတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။ ဆဟာနီအမည်ရှိ အိန္ဒိယလူမျိုး  သူဌေးတစ်ဦးက ဒူဘိုင်းမှာစီးနင်းမယ့် သူ့ရဲ့ရိုးလ်ရွိုက်စ်ကားမှာ တပ်ဆင်ဖို့အတွက် ဒါဟမ် ၁ သန်းနဲ့ လေလံဆွဲဝယ်ယူသွားခဲ့တာပါ။

play

 

ယမန်နှစ်တုန်းကလည်း O9 နံပါတ်ပြားကိုပဲ ဒါဟမ်ငွေ ၂၅ သန်းနဲ့ ဝယ်ယူခဲ့သေးတယ်လို့ ဆဟာနီက Gulf သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ယခု လေလံဆွဲတဲ့ D5 ကို ဒါဟမ်ငွေ သန်း ၂၀ နဲ့ စတင်ဈေးခေါ်ခဲ့တာဖြစ်ပြီး ဆဟာနီက ဒါဟမ် ၃၃ သန်းနဲ့ လေလံအောင်သွားခဲ့တာဖြစ်ပါတယ။

Source : Independent

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ