Lifestyle: ဂျပန်ဝန်ထမ်းငါးဦးလျှင် တစ်ဦးနှုန်း အလုပ်ဝန်ပိမှုကြောင့် အသက်အန္တရာယ်ရှိနေ

အားသွန်ခွန်စိုက် အလုပ်လုပ်ကိုင်ရလေ့ရှိတဲ့ နာမည်ကြီးလှတဲ့ ဂျပန်ရဲ့ လုပ်ငန်းခွင် အလေ့အထတွေအပေါ် အစိုးရက လေ့လာဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။

play


ဂျပန်နိုင်ငံ ဝန်ထမ်းအင်အားစုရဲ့ ငါးပုံတစ်ပုံဟာ အလုပ်ဝန်ပိခြင်းကြောင့် သေဆုံးမှုအန္တရာယ်ရှိနေကြောင်း အစိုးရက ပြုလုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်းအရ သိရပါတယ်။ အားသွန်ခွန်စိုက် အလုပ်လုပ်ကိုင်ရလေ့ရှိတဲ့ နာမည်ကြီးလှတဲ့ ဂျပန်ရဲ့ လုပ်ငန်းခွင် အလေ့အထတွေအပေါ် အစိုးရက လေ့လာဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။

play


ဂျပန်မှာ အလုပ်ဝန်ပိခြင်းနဲ့ ဆက်နွယ်ပြီး လေဖြတ်ခြင်း၊ နှလုံးဖောက်ပြန်ခြင်းနဲ့ သေကြောင်းကြံစည်ခြင်းတို့ဖြင့် နှစ်စဉ် ရာနဲ့ချီတဲ့ သေဆုံးမှုတွေ ရှိနေပါတယ်။

ပင်ပန်းစွာ အလုပ်လုပ်ကိုင်ရမှုကြောင့် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်နေပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ခြင်းနဲ့ အလုပ်ဝန်ပိတဲ့ ပြဿနာတွေကို ဖြေရှင်းရန် တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

play


ယခု လေ့လာမှုစစ်တမ်းမှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ထောက်ခံအားပေးမှုဖြင့် ဂျပန်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂျပန်မှာ အလုပ်လုပ်ကိုင်သူတွေဟာ အလုပ်ချိန်ရှည်ကြာစွာ လုပ်ကိုင်ရလေ့ရှိပြီး အချိန်ပို အလုပ်ချိန်များလည်း လုပ်ကိုင်ရပါတယ်။

play

 

ဂျပန်အစိုးရက ထုတ်ပြန်တဲ့ လေ့လာမှုစစ်တမ်းအတွင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီအတွင်း ကုမ္ပဏီတွေကို မေးမြန်းခဲ့ရာမှာ ၂၂.၇ ရာခိုင်နှုန်းက ၎င်းတို့ရဲ့ ဝန်ထမ်းတွေဟာ တစ်လလျှင် အချိန်ပို အလုပ်လုပ်ချိန် နာရီ ၈၀ ကျော် လုပ်ကိုင်နေကြောင်း သိရပါတယ်။

play


လေ့လာမှုအရ ခန့်မှန်းခြေအားဖြင့် ဂျပန်လူမျိုး ဝန်ထမ်းတွေရဲ့ ၂၁.၃ ရာခိုင်နှုန်းဟာ တစ်ပတ်လျှင် ပျမ်းမျှအလုပ်လုပ်ချိန် ၄၉ နာရီနဲ့အထက် လုပ်ကိုင်နေကြပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နိုင်ငံများထက် ပိုများနေပါတယ်။

တစ်ပတ်လျှင် ပျမ်းမျှအလုပ်ချိန် ၄၉ နာရီထက်ပိုပြီး အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းရာခိုင်နှုန်းမှာ အမေရိကန်တွင် ၁၆.၄ ရာခိုင်နှုန်း၊ ဗြိတိန်မှာ ၁၂.၅ ရာခိုင်နှုန်းနဲ့ ပြင်သစ်မှာ ၁၀.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။

play

 
အစိုးရက ပြုလုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်းက ဂျပန်လူမျိုး ဝန်ထမ်းတွေဟာ ၎င်းတို့ရဲ့ အလုပ်နဲ့ဆက်နွယ်ပြီး စိတ်ဖိစီးမှု မြင့်မားစွာ ခံစားနေရကြောင်းနဲ့ တာဝန်ရှိသူတွေ အနေနဲ့ ကုမ္ပဏီတွေကို လုပ်ငန်းခွင် အခြေအနေများ ပိုမိုကောင်းမွန်စေရန် တိုက်တွန်းသင့်ကြောင်း ထောက်ပြထားပါတယ်။

ဂျပန်မှာ ပထမဆုံး အမျိုးသမီး တိုကျိုမြို့တော်ဝန်ကလည်း တိုကျိုမှာ အချိန်ပို အလုပ်လုပ်ကိုင်မှု မရှိစေရန် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားခဲ့ဖူးပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ