Lifestyle: မင်္ဂလာဆောင်တုန်းက သတို့သမီးဝတ်စုံကို ကြိုက်လွန်းလို့ ခဏခဏဝတ်တဲ့ အမျိုးသမီး

သူမဟာ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

အမျိုးသမီးတစ်ဦးဟာ သူမရဲ့ မင်္ဂလာဝတ်စုံကို အချည်းနှီးမဖြစ်စေတဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကတော့ အဲဒီဝတ်စုံကို ခဏခဏ ၀တ်ခြင်းပါပဲ။

play

 

မန်ဆက်ချူးဆက်ပြည်နယ်၊ ကိန်းဘရစ်ခ်ျမြို့မှာ နေထိုင်တဲ့ ဆမန်သာဘန်းစ်ဟာ သူမရဲ့ သတို့သမီးဝတ်စုံကို ဂေါက်ရိုက်ချိန်၊ အိမ်အလုပ်လုပ်ချိန်၊ ပန်ကိတ်စားချိန်၊ အပျော်စီးသင်္ဘောပေါ်မှာ ကချိန်နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့တိုင်း ဝတ်ပါတယ်။

play

 

အသက် ၃၀ နှစ်အရွယ် စမန်သာဟာ ဒါရန်ဆိုတဲ့အမျိုးသားနဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

အဲဒီနေ့နဲ့ အဲဒီဝတ်စုံက သူမအတွက် သီးသန့်ပျော်ရွှင်မှုလေး ရရှိစေခဲ့တဲ့အတွက် အဲဒီခံစားချက်ကို သူမက လက်မလွှတ်ချင်ပါဘူး။

play

 

"မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာဝတ်စုံကို ချွတ်မယ်လုပ်တော့ အဲဒီစိတ်ကူးကို ရခဲ့တာပါ။ ကျွန်မတို့ရဲ့အထူးခြားဆုံးနေ့လေးရဲ့ ကြည်နူးမှုကို ဆက်ပြီး ရှိနေစေချင်တယ်" လို့ သူမက ဆိုပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ