Lifestyle: ကျပ်သိန်း ခြောက်ထောင်နီးပါး တန်ဖိုးရှိတဲ့ ဇိမ်ခံရွေ့လျား အိမ်ရာ

ကားအတွင်းမှာ ဇိမ်ခံအိမ်တစ်လုံးရဲ့ လိုအပ်ချက် အပြည့်အစုံ ပါဝင်ပါတယ်။

play

 

အဆင့်မြင့်အိမ်တစ်လုံးလို နေထိုင်နိုင်မယ့် ရွေ့လျားမော်တော်ယာဉ်တစ်စီးကို ယခုတစ်ပတ် ဘာမင်ဂမ်မြို့မှာ ပြုလုပ်ပမယ့် ရွေ့လျားအိမ်ရာ ကားပြပွဲမှာ ပွဲထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။

play

 

တီထွင်ခဲ့သမျှ ရွေ့လျားကားအိမ်တွေထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ Morelo Empire Liner လို့ အမည်ပေးထားတဲ့ အဆိုပါ ရွေ့လျားအိမ်ရာဟာ ဘတ်စ်ကားအကြီးစား တစ်စင်းပေါ်မှာ တည်ဆောက်ထားတာဆိုပေမဲ့ အဆင့်မြင့်အိမ်ရာတစ်ခုထဲမှာ နေရသလို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

play

 

ပစ္စည်းအပြည့်အစုံနဲ့ မီးဖိုချောင်၊ မိုးရွာသလို အရသာပေးမယ့် ရေချိုးခန်း၊ ဂြိုဟ်တုရုပ်သံဖမ်းစက်၊ အဆင့်မြင့်အိပ်ရာခန်းတွေအပြင် သာမန်ကားတစ်စီးထားနိုင်တဲ့ ကားပါကင်လည်း ပါရှိမှာ ဖြစ်ပါတယ်။

play

 

မြင်းကောင်ရေ သုံးရာအားရှိတဲ့ အင်ဂျင်နဲ့တည်ဆောက်ထားပြီး Lamborghini Aventador ဇိမ်ခံကား အမျိုးအစားရဲ့ အင်ဂျင်ပါဝါနှစ်ဆ ဖြစ်ပါတယ်။ ဒီရွေ့လျားဇိမ်ခံအိမ်ရဲ့ တန်ဖိုးဟာ စတာလင်ပေါင် ၃၇၈၀၀၀ (မြန်မာကျပ်ငွေ ကျပ်သိန်း ခြောက်ထောင်ဝန်းကျင်) တန်ဖိုးရှိပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ