Lifestyle: လူမှောင်ခိုသမားတွေကို ကြောက်လို့ ထွက်ပြေးနေရတဲ့ တန်ဇန်းနီးယားက အယ်ဘီးနိုး ကလေးငယ်များ

အယ်လ်ဘီးနိုးဆိုတာ မွေးရာပါ အသားအရေနဲ့ဆံပင် ဖြူဆွတ်နေသူတွေကို ခေါ်တာပါ။

play

 

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တန်ဇန်းနီးယားမှာ မွေးရာပါ အသားအရေနဲ့ ဆံပင်ဖြူဆွတ်နေကြတဲ့လူ (အယ်လ်ဘီးနိုး) တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ထူးခြားတဲ့ စွမ်းအားတွေကို ကူးပြောင်းပေးနိုင်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် သူတို့တွေဟာ ကျိန်စာသင့်နေသူတွေဖြစ်ပြီး ကံဆိုးခြင်းတွေ ယူဆောင်လာတယ်လို့ အစွဲရှိကြသူများကတော့ သူတို့ကို ပစ်ပယ်ထားကြပြန်တယ်။

တကယ်တော့ အရေပြား၊ ဆံပင်၊ မျက်လုံးတို့မှာ ရှိတဲ့ အမည်းရောင်ဓာတ် (မယ်လနင်) အလွန်အမင်းချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။

play

 

အာဖရိကမှာ တန်ဇန်းနီးယားနိုင်ငံဟာ အယ်လ်ဘီးနိုးတွေ အများဆုံးရှိတဲ့ နိုင်ငံလို့ ယူဆရပြီး စာရင်းဇယားများအရ အယ်ဘီးနိုး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်ပေါင်း ၈,၀၀၀ ခန့် ရှိပါတယ်။

ဒါပေမဲ့ ပုန်းလျှိုးကွယ်လျှိုးနေထိုင်ကြတဲ့ အယ်လ်ဘီးနိုးလူဦးရေက စာရင်းရှိဦးရေထက် ပိုများမယ်လို့ ခန့်မှန်းရပါတယ်။

play

 

"အယ်လ်ဘီနစ်ဆန်ဖြစ်နေတဲ့ လူတွေကို ကာကွယ်ဖို့ အထူးဌာနတွေ တည်ထောင်ဖို့လိုအပ်တယ်လို့ တန်ဇန်းနီးယန်းအစိုးရက ယူဆတဲ့အတွက် Kabanga ဒုက္ခသည်စခန်းကို တည်ထောင်ခဲ့တယ်" လို့ ယင်းစခန်းမှာ အယ်လ်ဘီးနိုးတွေအကြောင်း သွားရောက်လေ့လာတဲ့ ဓာတ်ပုံသတင်းထောက် အန်နာ ပါလာရှိုက ပြောပါတယ်။

play

 

"လူမှောင်ခိုတွေ သတ်မှာ ကြောက်လို့ ရွာကနေ ထွက်ပြေးပြီး ဒီကိုရောက်လာတာ။ သူတို့က စုန်းကဝေပညာသည်တွေ ဆေးဖော်ရာမှာသုံးဖို့ ကိုယ်လက်အင်္ဂါတွေကို ရောင်းမှာလေ" လို့ အန်နာက ပြောပြပါတယ်။

ဒါ့အပြင် သူတို့ဟာ အေအိုင်ဒီအက်စ်ရောဂါကို ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြပြန်တဲ့အတွက် မုဒိမ်းကျင့်ခံနေကြရတဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

play

 

"အများစုကတော့ မိသားစုက စွန့်ပစ်လိုက်လို့ ဒီကို ရောက်လာကြတယ်" လို့လည်း သူမက ပြောပြပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ