Lifestyle: ရယ်မောခြင်းဖြင့် အပန်းဖြေပါ

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

 

မငိုနဲ့

အမျိုးသား - အဲဒီလောက်ကြီး ငိုမနေပါနဲ့ကွာ။
အမျိုးသမီး - ရှင်နဲ့ကျွန်မကို လူကြီးတွေက လုံးဝသဘောမတူနိုင်ဘူးလို့ ပြောလိုက်တာကို။
အမျိုးသား - ငါသိပါတယ်။ သိပ်ဝမ်းနည်းမနေပါနဲ့။ ငါ နောက်တစ်ယောက် ထပ်ရှာမှာပေါ့။

လမ်းလျှောက်လာလို့လား

ဈေးဝယ်သူ - မနေ့က ရှင့်ဆိုင်ကဝယ်သွားတဲ့ငါးက မလတ်ဘူးရှင့်။
ဆိုင်ရှင် - အို ... အဲ့တာ ပင်လယ်က တိုက်ရိုက်လာတဲ့ငါးပဲ။
ဈေးဝယ်သူ - ဒါဆို အဲဒီငါးက ခြေလျင်လမ်းလျှောက်လာတာမို့လို့ ဖြစ်မယ်။

ပဟေဠိဆန်တဲ့အပြုံး

သား - ဒယ်ဒီ ... ပဟေဠိဆန်တဲ့အပြုံးဆိုတာ ဘယ်လိုမျိုးကို ခေါ်တာလဲဟင်။
ဒယ်ဒီ - ဒီနေ့ ရုံးဆင်းပြီးတဲ့အချိန်မှာ အရေးကြီးကိစ္စတစ်ခုကြောင့် ဒယ်ဒီ အိမ်ပြန်နောက်ကျမယ်လို့ ပြောလိုက်တဲ့အခါ မင်း မာမီရဲ့ မျက်နှာပေါ်မှာ ပေါ်လာတဲ့ အပြုံးမျိုးပေါ့။

play

ဆေးလိပ်နံ့ရလို့

ပထမလူ - မင်း ဒေစီနဲ့ ဘာဖြစ်လို့ ချိန်းမတွေ့တော့တာလဲ။
ဒုတိယလူ - ဟိုတလောက သူ့ကို အကြင်နာပေးတဲ့အချိန်မှာ ဆေးလိပ်နံ့ရလိုက်လို့။
ပထမလူ - သူမှ ဆေးလိပ်မသောက်တတ်တာ။
ဒုတိယလူ - ငါလည်း အဲ့ဒါကို ပြောနေတာလေ။

မလဲနိုင်ဘူး

သား - ဒယ်ဒီ ... သား ညီမလေးကို ချီရတာ ပင်းပန်းလှပြီ၊ ဖေဖေကိုင်ထားတဲ့ ပုလင်းတွေပါတဲ့အိတ်ပဲ ဆွဲပါရစေ။
ဒယ်ဒီ - ဖြစ်ပါ့မလား သားရယ် ... မင်းလက်ထဲကလွတ်ကျသွားရင် ဘယ်လိုလုပ်မလဲ။

တစ်ဝက်တိတိ

ဆံပင်ညှပ်ခံနေသူက ဆံပင်ညှပ်ဆရာကိုပြောသည်။
ဆံပင်ညှပ်ခံသူ - ကျွန်တော့်ဆံပင်ကို တစ်ဝက်စီ အတိအကျဖြစ်အောင် အလယ်ခွဲပြီး ဖြီးပေးပါ။
ဆံပင်ညှပ်ဆရာ - ဝမ်းနည်းပါတယ်ဗျာ၊ လုံးဝမဖြစ်နိုင်ပါဘူး၊ ခင်းဗျားရဲ့ ဆံပင်အရေအတွက်က 'မ' ဂဏန်းဖြစ်နေတယ်ဗျ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ