Lifestyle: ခွေးကိုက်ခံရရင် ဘာလုပ်မလဲ

လက်ချောင်းထိပ်လို အာရုံကြောများတဲ့နေရာတွေမှာ ကိုက်ခံရရင်တော့ ပိုဂရုစိုက်သင့်ပါတယ်။

play

 

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဆပ်ပြာနဲ့ ရေအသုံးပြုပြီး ဆေးကြောပေးခြင်းက ခွေးရူးပြန်ရောဂါ မဖြစ်ဖို့ ၄၀ ရာခိုင်နှုန်းလောက်ကာကွယ်ပေးတယ်လို့ ရန်ကုန်ဆေးတက္ကသိုလ် ၂ ဆေးပညာဌာနမှ ပါမောက္ခဒေါက်တာ နန်းဖြူဖြူအောင်က ပြောထားကြောင်း သိရပါတယ်။

play

 

ခွေးကိုက်ခံရပြီးရင် ကျန်းမာရေးဌာနကို သွားသင့်တာဖြစ်ပြီး မသွားခင် ဒဏ်ရာကို ဆပ်ပြာနဲ့ ၁၅ မိနစ်ခန့်သန့်စင်အောင် ဆေးကြောပေးသင့်တာ ဖြစ်ပါတယ်။ ပြီးရင်တော့ အရက်ပြန်နဲ့ ဆေးကြောရမှာ ဖြစ်ပါတယ်။

 ဦးခေါင်း၊ လည်ပင်းနဲ့ လက်ချောင်းထိပ်လို အာရုံကြောများတဲ့နေရာတွေမှာ ကိုက်ခံရရင်တော့ ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေဟာ နှစ်စဉ် ၅၅၀၀၀ ရှိပြီး မြန်မာနိုင်ငံမှာတော့ သေဆုံးသူဦးရေဟာ တစ်နှစ်ကို ၁၀၀၀ ခန့်ရှိပါတယ်။

Source: 7Day Daily
Photos: The Hindu

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ