Lifestyle: မင်္ဂလာဆောင်အမီ ပေါင် ၁၀၀ ကျော် ချလိုက်တဲ့ သတို့သမီး

ဝတုတ်နေတဲ့ ကိုယ့်ဓာတ်ပုံကိုမြင်ပြီး ရှက်သွားလို့ပါ။

play

 

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ဟာလီစမစ်ဟာ သူမချစ်သူက သူမကို လက်ထပ်ခွင့်ပန်စဉ်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုမြင်ပြီး ရှက်လွန်းလို့ မျက်ရည်တောင် ကျခဲ့ပါတယ်။

play

 

အဲဒီစိတ်နဲ့ပဲ သူမဟာ ပေါင် ၂၇၇ ရှိတဲ့ သူမရဲ့ခန္ဓာကိုယ်မှ ပေါင် ၁၀၀ ကျော်ကျအောင် လုပ်ခဲ့ပါတယ်။

သူမကိုယ်သူမ အဲဒီလောက် ဝနေမှန်းမသိတဲ့ ဟာလီဟာ လက်ထပ်ခွင့်ပန်စဉ် ရိုက်ကူးထားတဲ့ စုံတွဲဓာတ်ပုံတွေကို အင်တာနက်ပေါ်မှာတောင် တင်ခွင့်မပေးခဲ့ပါဘူး။

play

 

အဲဒီနောက် မင်္ဂလာဆောင်အမီ ဝိတ်ချမယ်လို့ ဆုံးဖြတ်လိုက်တဲ့ သူမဟာ အမြဲစားတဲ့ အဆီများစေတဲ့အစားအစာတွေအစား အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ပြောင်းစားခဲ့ပါတယ်။

play

 

အခု တစ်နေ့ကို လေ့ကျင့်ခန်းနှစ်ကြိမ်လုပ်တဲ့သူမဟာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ရရှိနေပါပြီ။

play

 

"ကျွန်မရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေကို ကြည့်ပြီး အရှက်မရချင်ဘူး။ ဒါကြောင့် ကျွန်မပြောင်းလဲဖို့လိုတယ်ဆိုတာ သိလိုက်တယ်" လို့ သူမက ဆိုပါတယ်။

play

 

"ကျွန်မက ငယ်ငယ်ကတည်းက ဝတယ်။ စိတ်ခံစားချက်တစ်ခုခုဖြစ်ရင်လည်း စားတယ်။ ဝမ်းနည်းရင်၊ ပျင်းရင်၊ စိတ်ဖိစီးရင်၊ ပျော်ရင်၊ ပွဲတစ်ခုခုရှိရင် စားတယ်" လို့ သူမကို ဝစေခဲ့တဲ့ အကြောင်းရင်းတွေကို ပြောပြခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ