Lifestyle: ဆံပင်ညှပ်နေတုန်း စာဖတ်ပြရင် ဈေးလျှော့ပေးမယ့် ဆံပင်ညှပ်ဆိုင်

စာဖတ်ခြင်းအလေ့အထကို မြတ်နိုးခုံမင်လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဈေးလျှော့ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

အမေရိကန်ပြည်ထောင်စု၊ မီချီကန်ပြည်နယ်ထဲက ဆံပင်ညှပ်ဆိုင်တစ်ခုမှာ အသံကျယ်ကျယ်စာဖတ်ပြတဲ့ ကလေးတွေကို ဈေးလျှော့ပေးလေ့ရှိပါသတဲ့။ ဆံပင်ညှပ်နေတုန်း စာဖတ်ပြတဲ့ကလေးတွေဟာ ၂ ဒေါ်လာ လျှော့ချတဲ့ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

play

 

The Fuller Cut ဆိုတဲ့ ဆံပင်ညှပ်ဆိုင်လေးရဲ့ပိုင်ရှင် ရွိုင်ယန် ဂရစ်ဖင်က ကလေးတွေဟာ စာသင်ခန်းပြင်ပမှာပါ စာဖတ်ခြင်းအလေ့အထကို မြတ်နိုးခုံမင်လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဈေးလျှော့ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ နယူးယော့ခ်နဲ့ နယူးဂျာစီပြည်နယ်၊တမ်ပါမြို့က ဆံပင်ညှပ်တွေက ယခုလိုဈေးလျှော့ပေးနေကြတာကို သိရှိပြီးနောက် လိုက်လံပြုလုပ်ဖြစ်ခဲ့တယ်လို့လည်း ဂရစ်ဖင်က ပြောပါတယ်။

play

 

ဂရစ်ဖင်ဟာ ယခုလို ဈေးလျှော့ပေးတဲ့အစီအစဉ်ကို ၂၀၁၅ ခုနှစ် သြဂုတ် ၁၈ ရက်နေ့ကတည်းက စတင်ခဲ့ပါ။ သူက အာဖရိကန်-အမေရိကန် မျိုးနွှယ်စပ်ဆိုတော့ လူမျိုးရေးခွဲခြားမှုမရှိဘဲ အာဖရိကန်-အမေရိကန်တွေအပေါ် အကောင်းမြင်တဲ့စာအုပ်တွေကိုသာ ဖတ်ခိုင်းတယ်လို့ သိရပါတယ်။

Source : ABC, Huffpost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ