Lifestyle: အမြင်အာရုံ ဆုံးရှုံးထားရလို့ မွေးစားချင်သူ မရှိဖြစ်နေတဲ့ ကြောင်ကလေးများ

အချို့ မျက်စိအလင်း လုံးလုံး မရတဲ့ သနားစဖွယ် ကြောင်ကလေးတွေ ဖြစ်ပါတယ်။

play

 

လော့အိန်ဂျလိစ်မှာ နေထိုင်တဲ့ ဓာတ်ပုံဆရာမ ကာဆေးအဲလိစ်ဟာ မျက်လုံးအမြင်အာရုံ တစ်စိတ်တစ်ပိုင်း၊ သို့မဟုတ် အလုံးစုံ ကွယ်ပျောက်နေတဲ့ ကြောင်ကလေးတွေအတွက် ထူခြားတဲ့အစီအစဉ် တစ်ခုလုပ်ပေးခဲ့ပါတယ်။

play

 

ဓာတ်ပုံဆရာမ အဲလိစ်ဟာ တိရိစ္ဆာန်ပြုစုစောင့်ရှောက်ရေး ဂေဟတွေ၊ ကယ်ဆယ်ရေးဂေဟာတွေမှာ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ သူသတိထားမိခဲ့တာက ဂေဟာတွေမှာ မျက်လုံးအကောင်းတိုင်းမဖြစ်တဲ့ ကြောင်ကလေးတွေဟာ သနားစဖွယ်ကောင်းလှပြီး မွေးစားမယ့် ပိုင်ရှင်တွေ ရှာရခက်တာပဲ ဖြစ်ပါတယ်။

play
play

 

ဒါကြောင့် မျက်စိအလင်းမရတဲ့၊ သို့မဟုတ် ချွတ်ယွင်းနေတဲ့ ကြောင်ကလေးတွေကို ရွေးချယ်ပြီး ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ဓာတ်ပုံတွေကိုကြည့်ပြီး ဒီကြောင်ကလေးတွေအတွက် မွေးစားမယ့်သူ ပေါ်လာဖို့ ဖြစ်ပါတယ်။

play
play

 

အင်တာနက်က GofundMe ဆိုတဲ့ ဝက်ဘ်ဆိုက်မှာလည်း ဒီကြောင်လေးတွေ ထိန်းသိမ်းပေးတဲ့ စင်တာအတွက် ရန်ပုံငွေ ရှာပေးလျက်ရှိပါတယ်။

play
play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ