AD
AD
AD
play

 

မွေးရာပါ လက်တွေမပါတဲ့ မိန်းကလေးဟာ သူ့ဘာသာ ခြေထောက်နဲ့ အစာစားတတ်အောင် သင်ယူနေတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ ပျံ့နှံ့ပြီး လူတွေရဲ့ ချီးကျူးမှုကို ရရှီခဲ့ပါတယ်။

play

 

ရုရှားမှာနေထိုင်တဲ့ အယ်လ်ဒမီရာနက်ဇန်ဟာ သူမရဲ့သမီးလေး ဗက်ဆီလီနီရဲ့ ခြေထောက်နဲ့ အစားစာနေပုံကို ဖေ့စ်ဘွတ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဗက်ဆီလီနီဟာ ခရင်းကို ခြေချောင်းလေးတွေကြားမှာ ညှပ်ပြီး ရှေ့က စားပွဲပေါ်မှာ တင်ထားတဲ့ ပန်းကန်ထဲက စားစရာတွေကို သူမဘာသာယူစားနေတာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။

play

 

သူမက အာလူးကို ပါးစပ်ထဲထည့်ဖို့ ကြိုးစားနေချိန်မှာ သူမရဲ့မိခင်က အားပေးတိုက်တွန်းနေသံကို ကြားနေရပါတယ်။

play

 

အာလူးကို ပါးစပ်ထဲ ထည့်နိုင်ဖို့အတွက် ဗက်ဆီလီနီမှာ အကြိမ်ကြိမ် ကြိုးစားခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ ခြေထောက်နှစ်ချောင်းကြားမှာ ခရင်းကို မှန်မှန်ကန်ကန်ထည့်နိုင်ကာ အာလူးကို စားနိုင်ခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD