Lifestyle: ရေထဲမျောသွားတဲ့ ဆင်ထိန်းကို ဆင်ပေါက်လေးက အပြေးအလွှားဆင်းကယ်

ဆင်ကလေးရဲ့ ကျေးဇူးသိတတ်မှုက ပီတိဖြစ်စရာကောင်းပါတယ်။

play

 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဆင်စခန်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ကြည်နူးစရာဖြစ်ရပ်လေးပါ။ လူတစ်ယောက် ရေထဲမျောသွားတာက ကြည်နူးစရာတော့မဟုတ်ပေမဲ့ သူထိန်းကျောင်းပေးတဲ့ ဆင်ကလေးရဲ့ ကျေးဇူးသိတတ်မှုက ပီတိဖြစ်စရာကောင်းပါတယ်။

play

 

ဒါးရစ် တွမ်ဆန်ဟာ ခမ်မလားဆိုတဲ့ ဆင်မလေးကို စတင်ကယ်ဆယ်ခဲ့တဲ့ အချိန်ကတည်းက ထိန်းကျောင်းလာခဲ့တာပါ။ သူတို့နှစ်ဦးက အတော်လည်း ရင်းရင်းနှီးနှီးရှိကြပါတယ်။ တစ်နေ့မှာတော့ ဒါးရစ်က ချောင်းထဲရေဆင်းကူးရင်း မျောပါသွားသယောင် ဟန်ဆောင်လိုက်တဲ့အခါ မယုံနိုင်စရာ အဖြစ်အပျက်က ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ကုန်းပေါ်မှာ အခြားဆင်တွေနဲ့ အတူရှိနေတဲ့ ခမ်မလားက ဒါးရစ်ရှိရာကို အပြေးအလွှားလာရောက်ပြီး ကယ်တင်ပေးခဲ့ပါတယ်။

play

 

သူမရဲ့ ကိုယ်လုံးနဲ့ ဒါးရစ်ကို တွန်းတင်ပေးထားပြီး လက်တွေနဲ့ ရစ်ပတ်ပေးကာ ရေထဲမျောမသွားအောင်လည်း ကာကွယ်ပေးခဲ့ပါတယ်။ ဆင်စခန်းကိုရောက်စက တော်တော်ဆိုးသွမ်းခဲ့တဲ့ ခမ်မလားဟာ ခုဆို အရမ်းကိုလိမ္မာနေပြီဖြစ်လို့ သူ့ရဲ့ဆင်ထိန်းက ကျေနပ်ပီတိဖြစ်နေရပါတော့တယ်။

Source : Elephant News YouTube

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ