Lifestyle: ကျောင်းပြီးပြီးချင်း ဖြစ်ပေါ်လာတဲ့ ပြဿနာကြီး (၃) ခု

ကိုယ့်ပုံစံကိုပါလိုက်လံပြောင်းလဲဖို့ ခက်ခဲနေတတ်ပါတယ်။

play

 

၁ - ပျင်းတယ်

ကျောင်းမှာတုန်းက သင့်စိတ်ကူးအိုင်ဒီယာ အမြောက်အများရှိပါတယ်။ ဒီစိတ်ကူးအိုင်ဒီယာတွေကိုလည်း စိတ်ကူးနဲ့ အကောင်အထည်ဖော်ကြည့်နေတတ်ပါတယ်။  ဒါပေမဲ့ ကျောင်းပြီးရင်တော့ ဒီလိုမဟုတ်ပါဘူး။

လူတိုင်းက သင့်မှာ စိတ်ကူးအိုင်ဒီယာတွေ အများကြီးရှိနေတာကို မကြိုက်ပါဘူး။ သူတို့က သင့်ကို တစ်ခုပဲ ဖြစ်စေချင်ပါတယ်။ ဒါကတော့ အလုပ်ရှာဆိုတာပါပဲ။ ဒီလိုနဲ့ သင်အလုပ်တစ်ခုလုပ်ပြီး ကျောင်းတုန်းကလို တက်ကြွတဲ့ အိုင်ဒီယာတွေနဲ့ တက်ကြွတဲ့ စိတ်ကူးတွေ ပျောက်ကွယ်သွားတော့တာပါပဲ။

၂ - ပညာရေး

play

 

ကျောင်းပြီးသွားပြီ ဖြစ်ပေမဲ့ အပြင်ဘက်လောကကို ရင်ဆိုင်ဖို့ အသင့်မဖြစ်သေးဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်တာပါ။ ပညာရပ်တစ်ခုခုကို ကျွမ်းကျင်ဖို့လိုနေတာ၊ ဘာလုပ်ရမှန်းမသိတာ စတဲ့ အချက်တွေနဲ့ သင်တန်းတွေ ဆက်တက်ပြီး ဗျာများနေရတာပါ။ 

ကိုယ့်လိုကျောင်းပြီးတဲ့လူတွေ လမ်းကြောင်းတစ်ခုပေါ် တည်တည်ငြိမ်ငြိမ်ရောက်နေတာမြင်ရင် ကိုယ့်ကိုယ်ကိုယ် အားမရမှုတွေ၊ မကျေနပ်မှုတွေ ပိုဖြစ်လာတတ်ပါတယ်။

၃ - ပတ်ဝန်းကျင်

play

 

ကျောင်းတွေက သင်ကြားမှုတွေ ပြုလုပ်ပေမဲ့ လက်တွေ့ပိုင်း အားနည်းပါတယ်။ အပြင်မှာ အများကြီး ထပ်သင်ယူရပါတယ်။ ဒီအခါမှာ လုပ်ငန်းခွင်ပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။ ကျောင်းပြီးပြီးချင်း အလုပ်ဝင်ရင် ပတ်ဝန်းကျင်ပုံစံကလည်း လုံးဝပြောင်းသွားတာကြောင့် ကိုယ့်ပုံစံကိုပါလိုက်လံပြောင်းလဲဖို့ ခက်ခဲနေတတ်ပါတယ်။

Photos & Source:Elite Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ