AD
AD
AD
play

 

မြောက်ကိုရီးယား တိရစ္ဆာန်ရုံက စီးကရက်ကြိုက်တဲ့ ချင်ပန်ဇီမျောက်ဝံကြီးကတော့ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါပြီ။ သူကလည်း တော်တော်ကို သိတတ် နားလည်ပါတယ်။

play

 

စီးကရက်ကြိုက်တဲ့ မျောက်ဝံကြီးက မီးခြစ်ကို ဘယ်လိုသုံးရမလဲဆိုတာကို ကောင်းကောင်းနားလည်ပြီး ဆေးလိပ်ကို သူ့ဘာသာသူ သောက်တတ်ပါတယ်။ စီးကရက်ဖွာနေပုံကလည်း ဟန်ပန်အပြည့်နဲ့ပါပဲ။

play

 

တစ်နေ့ကို အကြိမ်နှစ်ဆယ်လောက် ဆေးလိပ်သောက်ပါသတဲ့။ စိတ်ဝင်စားဖို့ကောင်းတာကတော့ သူမကို မီးခြစ်အသုံးပြုနည်း ဘယ်သူကမှ သင်ပေးခဲ့တာမဟုတ်ပါဘူး။

play

 

ဒီမျောက်ဝံကြီးရဲ့အမည်က Azalea (အဇေးလီယာ)လို့ ခေါ်ပါတယ်။ အသက် ၁၉ နှစ် ရှိပါပြီ။ နိုင်ငံရဲ့မြို့တော် ပြုံယမ်းမှာ မကြာမီကမှ ပြန်လည်ဖွင့်လှစ်လိုက်တဲ့ တိရစ္ဆာန်ရုံဟာ အဇေးလီယာကြောင့် လာရောက်သူ များပြားနေပါတယ်။

Source : AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD