Lifestyle: အမွေးမရှိလို့ အနွေးထည်နဲ့နေရတဲ့ ဟမ်းစတားလေး

အမိုက်စား အနွေးထည်လေးနဲ့ လန်းနေပြီပေါ့။

play

 

ဆစ်လ်ကီ (Silky) ဆိုတဲ့ ဟမ်းစတားလေးဟာ အခြားဟမ်းစတားတွေနဲ့ ကွဲပြားပါတယ်။ သူမကို မျိုးရိုးဗီဇပြောင်းလဲပြီး မွေးဖွားထားတာဖြစ်လို့ အမွေး တစ်မျှင်မျှ မရှိသလို ဘယ်တော့မှလည်း အမွေးထွက်လာတော့မှာမဟုတ်ပါဘူး။

play

 

သူမကို အမေရိကန်ပြည်ထောင်စု အိုရီဂွန်ပြည်နယ်ရဲ့ Humane Society အဖွဲ့က စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ အမွေးတစ်မျှင်မျှမရှိတဲ့ ဆစ်လ်ကီလေးကို အေးနေမှာစိုးတဲ့အတွက် အနွေးထည်သေးသေးလေး ချုပ်ပြီး ဝတ်ပေးထားကြပါသေးတယ်။

play

 

ခုချိန်မှာတော့ ဆစ်လ်ကီလေးဟာ အခြားဟမ်းစတားတွေလို အမွေးမရှိပေမဲ့လည်း ကိုယ်ပိုင်အနွေးထည်အမိုက်စားလေးနဲ့ စတိုင်လ်မိုက်မိုက်လေး ဖြစ်နေပါတော့တယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ