Lifestyle: ပန်းစည်းအစား ခွေးလေးတွေကိုင်ပြီးဆင်နွှဲတဲ့ မင်္ဂလာဆောင်

ခွေးငယ်လေး ၁၃ ကောင်က အဓိကနေရာကနေ ပါဝင်ခွင့်ရခဲ့ကြပါတယ်။

play

 

ကတ်သရင်းနဲ့ ဘရတ်တို့ရဲ့ မင်္ဂလာပွဲဟာ ပန်းစည်းတွေကိုင်ပြီး ကျင်းပရမယ့်အစား ခွေးလေးတွေကိုကိုင်ပြီး မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြပါတယ်။

play

 

ကတ်သရင်းက Secondhand Hounds တိရစ္ဆာန်ကယ်ဆယ်ရေးမှာ စေတနာ့ဝန်ထမ်းဖြစ်ကာ ကယ်ဆယ်ထားတဲ့ တိရစ္ဆာန်လေးတွေကိုလည်း ချစ်မြတ်နိုးသူဖြစ်ပါတယ်။ ဘရတ်ကတော့ ခွေးချစ်တတ်သူပေါ့။

play

 

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲမှာတော့ ခွေးငယ်လေး ၁၃ ကောင်က အဓိကနေရာကနေ ပါဝင်ခွင့်ရခဲ့ကြပါတယ်။ မင်္ဂလာဓာတ်ပုံရိုက်တဲ့အခါမှာလည်း ပန်းစည်းအစား ခွေးဘီလူးပေါက်လေးတွေကိုကိုင်ကာ ဓာတ်ပုံရိုက်ခဲ့ကြတာပါ။

play

 

ခွေးလေးတွေကို တိရစ္ဆာန်အရောင်းဆိုင်ကနေ ဝယ်ယူမွေးမြူမယ့်အစား ကယ်ဆယ်ရေးစခန်းကနေ ခေါ်ယူမွေးမြူကြဖို့ တိုက်တွန်းလိုတဲ့ ရည်ရွယ်ချက်နဲ့ ယခုလိုမျိုး ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဘရတ်နဲ့ကတ်သရင်းက ဆိုပါတယ်။ မင်္ဂလာမောင်နှံဟာ Secondhand Hounds တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းကိုလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

Source : Huff Post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ