AD
AD
AD

 

အမျိုးသမီးက ပေါင် ၂၁၀ တောင် ကျသွားတဲ့အတွက် ပျော်ရွှင်နေကြတဲ့ ဇနီးမောင်နှံဟာ သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ကို မင်္ဂလာဆောင်စဉ်က သတို့သမီးဝတ်စုံထဲကို နှစ်ယောက်အတူဝတ်ပြီး ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

play

 

အသက် ၄၂ နျစ်အရွယ် ဘက္ကာဟန်နင်းဟာ ၄၀၃ ပေါင်အထိ တက်သွားခဲ့ဖူးပြီး အရမ်းဝလွန်းလို့ ရိုလာကိုစတာတောင် စီးခွင့်မရခဲ့ပါဘူး။

၂၀၀၆ ခုနှစ်မှာတော့ ခင်ပွန်းဖြစ်သူ အသက် ၄၁ နှစ်အရွယ် ကလိုက်ဒ်နဲ့ သားသမီးယူဖို့ ကြိုးစားခဲ့ပေမဲ့ ဝလွန်းတဲ့အတွက် သန္ဓေသားဖြစ်ထွန်းစေမယ့်ဆေးဝါးတွေ သောက်သုံးလို့ မရခဲ့ပါတဲ့အတွက် အစာအိမ်ချုံ့ဖို့ ရွေးချယ်ခဲ့ပါတယ်။

play

 

ဒါပေမဲ့ ပေါင် ၁၃၀ တောင် ကျသွားခဲ့နောက် အခု ၇ နှစ်ရှိနေပြီဖြစ်တဲ့ သား ကိုးလ်ကို မွေးဖွားနိုင်ခဲ့ပေမဲ့ ဝိတ်ပြန်တက်လာတဲ့အတွက် သီးသန့်လေ့ကျင့်ခန်းဆရာ ခေါ်ယူပြီး လေ့ကျင့်ခန်းအပြင်းအထန် လုပ်လိုက်ရပါတယ်။

play

 

အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ပစ်ဘာ့ဂ်မြို့မှာ နေထိုင်တဲ့ ဘက္ကာဟာ အစားအသောက် ဆင်ခြင်ကာ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်လိုက်ပြီးတဲ့နောက် ပေါင် ၁၉၀ အထိ ကိုယ်အလေးချိန် ကျသွားခဲ့ပါတယ်။

play

 

သူမ အမြဲတမ်း လိုချင်တောင့်တနေတဲ့ ခန္ဓာကိုယ်ကို ရရှိသွားတဲ့ ဘက္ကာဟာ ၁၆ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ မင်္ဂလာဆောင်စဉ်က သူမဝတ်ခဲ့တဲ့ သတို့သမီးဝတ်စုံထဲကို ဇနီးမောင်နှံနှစ်ဦး အတူဝင်ပြီး ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။

play

 

ှSource & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD