Lifestyle: အမျိုးသားတွေကို နပန်းသတ်ပြီး အနိုင်ယူနိုင်တဲ့ အမျိုးသမီး

သူမဟာ ဖရဲသီးကိုတောင် ပေါင်ကြားထဲညှပ်ပြီး ခွဲနိုင်သူဖြစ်ပါတယ်။

play

 

အန်နာကွန်ဒါလို့ အမည်ရတဲ့ ဂျာမန်အမျိုးသမီးဟာ သူမရဲ့ သံချောင်းတွေကို ကွေးပြကာ သူမခင်ပွန်းရဲ့ မေးရိုးကို ဘယ်လိုချိုးခဲ့တယ်ဆိုတာကို ပြောခဲ့ပါတယ်။

play

 

လာရောက်ယှဉ်ပြိုင်လိုသူတွေကို သူမရဲ့ ရင်ဘတ်၊ တင်ပါး၊ လက်မောင်းနဲ့ ပေါင်တို့ကို အသုံးပြုပြီး အနိုင်ယူပြပုံကို Channel Four လိုင်းက World of Weird မှာလည်းပြသပါတယ်။

အမျိုးသားတွေကို သူမရဲ့ကြံ့ခိုင်လှတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဖိပြီး အနိုင်ယူတာကို ငွေပေးပြီး ကြည့်မယ့် ပရိသတ်တွေက်လည်း အပြည့်ရှိပါတယ်။

play

 

တချို့က သူမနဲ့ တိုက်ခိုက်ကြည့်ချင်ကြပြီး တချို့ကဆိုရင် သူမ တစ်နေကုန် နပန်းသတ်တုန်း ဝတ်ဆင်ထားတဲ့ အတွင်းခံကို ဝယ်ယူလိုကြပါတယ်။

play

 

သူမရဲ့ အတွင်းခံတွေကို ယူရို ၂၀ ခန့်နဲ့ ဝယ်ယူနိုင်ပေမဲ့ သူမက အတွင်းခံတွေကို အနံ့ထွက်တဲ့အထိ အကြာကြီးဝတ်တယ်လို့ အန်နာက ဆိုပါတယ်။

အန်နာဟာ ခင်ပွန်းဖြစ်သူကို မော်ဒယ်အနေနဲ့ ထားပြီး သူမရဲ့ကျွမ်းကျင်မှုတွေကို သရုပ်ပြခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ