၁ - ကြောက်စိတ်
တစ်စုံတစ်ခုကိုလုပ်မယ်ဆိုပြီး အစီစဉ်တွေချပါတယ်။ အစပိုင်းမှာ တက်ကြွမှုတွေရှိပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ မဖြစ်လောက်ပါဘူးဆိုပြီး နောက်ဆုံးသွားတတ်ပါတယ်။ ဒါနဲ့ပဲ အရာရာမှာ သူများနောက်က ဖြစ်နေပါတယ်။ လုပ်ချင်စိတ်ရှိပေမဲ့ ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ကြောက်စိတ်က သင့်ကို ဒုက္ခပေးနေတာဖြစ်ပါတယ်။
၂ - အဆိုးမြင်ပတ်ဝန်းကျင်
ကိုယ်တစ်ခုခုလုပ်မယ်ဆို စိတ်ဓာတ်ကျအောင် သူတို့က သွယ်ဝိုက်ပြီး လုပ်တတ်ကြပါတယ်။ ကိုယ်လုပ်မယ့်အရာကို သူတို့ကောင်းကောင်းသိကြောင်း၊ ဘာမှမဟုတ်တဲ့အရာဖြစ်ကြောင်းကို သွယ်ဝိုက်ပြီး ပြောပါလိမ့်မယ်။ ဒါနဲ့ပဲ စိတ်တွေခိုင်မာမှုမရှိတော့ဘဲ မလုပ်ဖြစ်တော့တာပါ။ အဲ့လိုလူမျိုးတွေနဲ့ ကိုယ်လုပ်မယ့်အလုပ်တစ်ခုကို ဘယ်တော့မှ မတိုင်ပင်ပါနဲ့။
၃ - အစီစဉ် မချတတ်
လုပ်ချင်ပေမဲ့ လုပ်ဖြစ်သွားဖို့ စနစ်တကျ အစီစဉ်မဆွဲနိုင်တာပါ။ အစီစဉ်ဆွဲနိုင်ပေမဲ့လည်း အဆိုပါအစီစဉ်တိုင်း တစ်သွေမတိမ်း မလိုက်နာနိုင်တာကြောင့် ဘာမှဖြစ်မလာတော့တာပါ။
၎ - သက်သောင့်သက်သာ
သက်သောင့်သက်သာ ဖြစ်သွားတဲ့ ပတ်ဝန်းကျင်ကိုရောက်သွားပြီး အသစ်တွေ ထပ်မလုပ်ချင်တော့တာပါ။ အားထုတ်မှုနည်းသွားပြီး သူများနောက်က ဖြစ်သွားတာပါ။
၅ - အားနည်းချက်
ကိုယ့်အားနည်းချက်ကို မဖြေရှင်းနိုင်တာပါ။ ကိုယ့်မှာရှိတဲ့အားနည်းချက်ကို လက်ခံဖြေရှင်းဖို့ အားမထုတ်ချင်တာကြောင့် သူများနောက်က ဖြစ်နေရတာပါ။
Photos & Source: Lifehack