Lifestyle: ခွေးပိုင်ရှင်တွေ မျက်ရည်ကျခဲ့တဲ့ ခွေးတွေရဲ့အိပ်မက်

သူတို့ဟာ အရမ်းသစ္စာရှိပြီး အချစ်ကြီးတဲ့တိရစ္ဆာန်လေးတွေပါ။

play

 

လူတွေရဲ့ အိပ်မက်နဲ့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ကြားက ကွာခြားချက်တွေကို ဟားဗက် စိတ်ပညာရှင်တစ်ဦးကို People မဂ္ဂဇင်းက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

play

 

သစ္စာကြီးမားပြီး ပွတ်သီးပွတ်သပ်နေတတ်တဲ့ ခွေးတွေရဲ့ အိပ်မက်ကို သိလိုက်ရချိန်မှာ သူတို့ဟာ ခါတိုင်းထက်တောင် ပိုချစ်ဖို့ကောင်းနေတာကို တွေ့လိုက်ရပါတယ်။

play

 

အကြောင်းကတော့ ခွေးတွေဟာ သူတို့သခင်ရဲ့ မျက်နှာကို အိပ်မက်မက်ကြလို့ပါ။

play

 

"လူတွေက သူတို့ နေ့အခါမှာ စွဲလမ်းမိတဲ့အရာတွေကို အိပ်မက်မက်ကြတယ်။ တိရစ္ဆာန်တွေလည်း ဘာမှသိပ်မထူးပါဘူး။ ခွေးတွေကတော့ သူတို့ရဲ့သခင်ကို အရမ်းကို တွယ်တာတဲ့အတွက် သခင်ရဲ့ မျက်နှာနဲ့ အနံ့အပြင် သခင်ကို စနောက်နေတာတို့ကို အိပ်မက်မက်ဖွယ် ရှိပါတယ်" လို့ ယင်းသုတေသိက ပြောခဲ့ပါတယ်။

play

 

ဒီအကြောင်းကို ဖတ်လိုက်ရသူတွေမှာ လူတွေက ငိုကြွေးခဲ့ကြပြီး သူတို့ရဲ့ ခွေးလေးတွေ အိပ်နေပုံနဲ့ သူတို့ ငိုကြွေးနေပုံတွေကို ဓာတ်ပုံရိုက်ပြီး တင်ခဲ့ကြပါတယ်။

play

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ