Lifestyle: ရေကြိုက်တဲ့ ပူစီကြောင် အွန်လိုင်းမှာလူကြိုက်များ

ကြောင်တွေက ရေမကြိုက်ဘူးဆိုပေမဲ့ သူကတော့ တော်တော်ကြိုက်ရှာပါတယ်။

play

 

ကြောင်တွေကို ရေအလွန်ကြောက်တဲ့ သတ္တဝါတွေအဖြစ်နဲ့ သိကြမှာပါ။ ဒါပေမဲ့ ကြောင်တိုင်းတော့မဟုတ်ပါဘူး။ ရေကိုအရမ်းကြိုက်တဲ့ ကြောင်လေးတစ်ကောင်ရှိပါသေးတယ်။

play

Jukin Media က တင်ဆက်တဲ့ သတင်းတစ်ပုဒ်ထဲက မီးခိုးရောင်ကြောင်လေးဟာ အံ့သြဖို့ကောင်းလောက်အောင်ပဲ ရေကိုကြိုက်ပါတယ်။ ဘေစင်ပေါ်မှာ ကျကျနနထိုင်ပြီး ပိုက်ခေါင်းက ရေကို သဘောတကျ ခေါင်းထိုးခံခဲ့တာကို ဗီဒီယိုနဲ့တကွ တင်ဆက်ထားတာပါ။

play

ပိုက်ခေါင်းကရေကို လက်ကလေးနဲ့လည်းခံပြီး ရေကို လျှာနဲ့လျက်လိုက်ပါသေးတယ်။ ဒီဗီဒီယိုထဲက ကြောင်လေးဟာ ချစ်စရာလည်းကောင်းတာမို့ လူတွေက သဘောကျပြီး အွန်လိုင်းမှာ ပြန်ဖြန့်နေကြပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ