Lifestyle: ရေခဲဂူထဲမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲ

ထူးခြားလှပတဲ့ ဓာတ်ပုံလေးတွေပါ။

play

 

ပန်းပွင့်တွေ ကိုင်ထားတဲ့ မိန်းမပျိုလေးတွေ၊ လှပတဲ့ အပျိုရံလေးတွေ၊ အရောင်အသွေးစုံ ပြင်ဆင်ထားတဲ့ မင်္ဂလာဆောင်တွေနဲ့ ကိုယ့်ရဲ့မင်္ဂလာဆောင်ကို အကောင်းဆုံးဖြစ်အောင် လူတွေက ကြိုတင်ပြင်ဆင်တတ်ကြပါတယ်။

ဒါပေမဲ့ ဒီမင်္ဂလာမောင်နှံတွေက သူတို့ရဲ့ မင်္ဂလာဆောင်ကို အရိုးရှင်းဆုံးနဲ့ အဆန်းဆုံးဖြစ်အောင် ပြုလုပ်ခဲ့ကြပါတယ်။

play

 

အသက် ၄၆ နှစ်အရွယ် ထရစ်တန်တာနိုဗန်ဖောက်စ်နဲ့ အသက် ၄၂ နှစ်အရွယ် ဒန်နရီဖောက်စ်တို့ဟာ ရဟတ်ယာဉ်တစ်စီးငှားရမ်းကာ သက်သေနှစ်ဦး၊ ဓာတ်ပုံဆရာနဲ့ သူတို့ရဲ့ ၁၀ နှစ်အရွယ် ခွေးလေးကိုခေါ်သွားပြီး ဂူထဲမှာ မင်္ဂလာပွဲလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

"အရမ်းကို မိုက်တာပဲ။ နေ့လေးက သာယာပြီး နောက်ခံကလည်း အရမ်းလှတယ်။ ရှေ့မှာ ရေခဲပြင်ကြီးနဲ့" ဟု ဒန်နီရယ်က စိတ်လှုပ်ရှားစွာ ဆိုပါတယ်။

play

 

အပူချိန်ရုတ်တရက်ကျဆင်းလာတာကြောင့် ဂူထဲက အမြန်ထွက်ကြဖို့ လေယာဉ်မောင်းက မပြောခင်လေးမှာပဲ သူတို့ရဲ့မင်္ဂင်္လာပွဲကို ပြီးစီးအောင် ကျင်းပနိုင်ခဲ့ပါတယ်။

ရေခဲဂူထဲကနေ ပြန်ထွက်လာတဲ့ အမေရိကန် ဇနီးမောင်နှံဟာ နေ့လယ်ပိုင်းမှာတော့ မိသားစု၊ သူငယ်ချင်းတွေကို နေ့လယ်စာ ကျွေးခဲ့ကြပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ