Lifestyle: အမျိုးသမီးများ အရက်သောက်နှုန်း အမျိုးသားများနဲ့ တန်းတူနီးပါးဖြစ်လာ

လူ့အဖွဲ့အစည်းအတွင်း အမျိုးသားများနဲ့ အမျိုးသမီးများ ရပ်တည်မှုအခန်းကဏ္ဍ ပြောင်းလဲနေမှုကလည်း အရက်သောက်မှုကို တစ်နည်းအားဖြင့် တန်းတူညီမျှ ဖြစ်လာစေပါတယ်။

play


ကမ္ဘာတစ်ဝန်းမှ အချက်အလက်များကို လေ့လာမှုပြုလုပ်ခဲ့တဲ့ သုတေသနစမ်းတမ်းအရ အမျိုးသမီးများ အရက်သောက်သုံးမှုဟာ အမျိုးသားများနဲ့ တန်းတူညီမျှနီးပါး ဖြစ်လာကြောင်း သိရပါတယ်။

၁၈၉၁ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ လူလေးသန်းကို လေ့လာမှုအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အရက်သောက်မှု ပိုမိုများပြားခဲ့ပြီး ကျန်းမာရေးပြဿနာများ ဖြစ်ခဲ့ပါတယ်။

play


ယခုအခါမှာတော့ အမျိုသားတွေနဲ့ အမျိုးသမီးများကြား အရက်သောက်မှု ကွာဟချက်ဟာ အလွန်ကျဉ်းမြောင်းသွားခဲ့ပြီလို့ BMJ Open အစီရင်ခံစာက ဆိုပါတယ်။ လူ့အဖွဲ့အစည်းအတွင်း အမျိုးသားများနဲ့ အမျိုးသမီးများ ရပ်တည်မှုအခန်းကဏ္ဍ ပြောင်းလဲနေမှုကလည်း အရက်သောက်မှုကို တစ်နည်းအားဖြင့် တန်းတူညီမျှ ဖြစ်လာစေပါတယ်။

play

 

၁၉၀၀ ပြည့်လွန် အစောပိုင်းကာလများအတွင်း မွေးဖွားခဲ့သူတွေကို လေ့လာမှုအရ -

- အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ၂.၂ ဆ အရက်ပိုသောက်ကြပါတယ်။
- အမျိုးသားတွေဟာ ပြဿနာဖြစ်လောက်အောင် အရက်သောက်သုံးမှုမှာ အမျိုးသမီတွေထက် သုံးဆပိုပါတယ်။
- အရက်သောက်ခြင်းကြောင့် အသည်းရောဂါကဲ့သို့ ကျန်းမာရေးပြဿနာ ဖြစ်ပွားမှုမှာ အမျိုးသမီးတွေထက် ၃.၆ ဆ ပိုများပါတယ်။

အထက်ပါ လေ့လာမှုမှာ တွေ့ရှိထားခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးကြား အရက်သောက်သုံးမှုမှာ ဆယ်စုနှစ်များစွာကြာပြီးနောက် ကွာဟချက်မှာ ကျဉ်းမြောင်းလာခဲ့ပါတယ်။

play

 

၂၀၀၀ ပြည့် နှစ်ကုန်ကာလများမှာ မွေးဖွားခဲ့သူတွေကို လေ့လာမှုအရ -

- အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ၁.၁ ဆ အရက်ပိုသောက်ပါတယ်။
- အမျိုးသားတွေဟာ ပြဿနာဖြစ်လောက်အောင် အရက်သောက်သုံးမှုမှာ အမျိုးသမီတွေထက် ၁.၂ ဆပိုပါတယ်။
- အရက်သောက်ခြင်းကြောင့် ကျန်းမာရေးပြဿနာ ဖြစ်ပွားမှုမှာ အမျိုးသမီးတွေထက် ၁.၃ ဆ ပိုများပါတယ်။

play


၁၉၀၀ ပြည့်လွန် အစောပိုင်းမှာ မွေးဖွားသူတွေနဲ့ ၂၀၀၀ ပြည့်နှစ်ကုန်ပိုင်းမှာ မွေးဖွားသူတွေကို နှိုင်းယှဉ်လေ့လာမှုအရ အမျိုးသားနဲ့ အမျိုးသမီးကြား အရက်သောက်သုံးမှု ကွာဟချက်မှာ သိသာစွာ ကျဉ်းမြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှ New South Wales တက္ကသိုလ်က မြောက်အမေရိကနဲ့ ဥရောပ ဒေသများမှ အများဆုံးပါဝင်တဲ့ ကမ္ဘာတစ်ဝန်းမှ အချက်အလက်တွေကို သုတေသနပြု လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
Source & Photo: BBC, BMJ Open

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ