Lifestyle: ချောကလက် ဖြတ်ပြီးနောက် သိသိသာသာဝိတ်ကျသွားတဲ့ အမျိုးသမီး

အရင်က တစ်နှစ်ကို ချောကလက် အချောင်း ၉,၀၀၀ စားခဲ့သူပါ။

play

 

အန်နီတာဂါရတ်ဟာ ချောကလက်ကို အလွန်အမင်းစွဲလမ်းသူဖြစ်ပြီး တစ်နှစ်ကို ချောကလက်အချောင်း ၉,၀၀၀ စားခဲ့သူဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူမရဲ့ကိုယ်အလေးချိန်ဟာ ၃၉၂ ပေါင်အထိ တက်လာခဲ့ပါတယ်။

ဒါပေမဲ့ ချောကလက်ကို ဖြတ်လိုက်တဲ့သူမဟာ အခုဆိုရင် ၁၈၂ ပေါင်ပဲ ရှိပါတော့တယ်။

အသက် ၁၈ နှစ်အရွယ်တုန်းက တစ်နေ့ကို ချောကလက်ချောင်းကြီး ၃ ချောင်း စားပြီး သူမ အဝဆုံးအချိန်မှာ အပြားအကြီးဆုံး ချောကလက်ကို တစ်နေ့ ၅ ခု စားတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က ခွဲစိတ်ကုသခြင်းနဲ့ရော အစာလျော့စားချင်နဲ့ပါ ဝိတ်ချခဲ့ဖူးပေမဲ့လည်း စိတ်ဖိစီးမှုတွေကြောင့် ချောကလက်တွေ စားမိရာကနေ ဝိတ်ပြန်တက်လာခဲ့ပါတယ်။

play

 

ဝလွန်းလို့ ဟိုနားဒီနားတောင် မသွားနိုင်တော့လောက်အောင် မောလာတဲ့သူမဟာ ယင်းဘဝကို မုန်းတီးလာခဲ့ပါတယ်။

"အဲဒီနည်းနဲ ကျွန်မအသက်မရှင်ချင်တော့ဘူး။ အထူးသဖြင့် ကျွန်မကို လိုအပ်နေတဲ့ ကလေးတစ်ယောက်ကလည်း ရှိနေတယ်။ ဒါကြောင့် ချောကလက်ကို ဖြတ်မှဖြစ်မယ်လို့ပြီး ဖြတ်ခဲ့တာ" လို့ သူမက ရှင်းပြပါတယ်။

အခုတော့ သူမဟာ ကျန်းကျန်းမာမာနဲ့ အသက် ၅ နှစ်အရွယ်သားလေး ဘရိုဒီနဲ့အတူ နေထိုင်နေပါပြီ။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ