Lifestyle: သုံးမိနစ်အတွင်း ဆယ်ဖီပုံ ၁၀၀ ကျော်ရိုက်ပြီး ဂင်းနစ်စံချိန်တင်

ပရိသတ်တွေကလည်း စိတ်ဝင်တစား ပါဝင်ခဲ့ကြလို့ ခုလိုစံချိန်ရသွားတာပါ။

play

 

မိုဘိုင်းလ်ဖုန်းလေးထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်ထားတဲ့ ဆယ်ဖီပုံအနေနဲ့ တစ်မိနစ်ကို ဘယ်လောက်အထိ ရိုက်နိုင်ပါသလဲ။ အမေရိကန် တေးရေး၊တေးဆို ဒွန်နီ ဝ့ါလ်ဘတ်ကတော့ အချိန် ၃ မိနစ်အတွင်းမှာ ဆယ်ဖီပုံ ၁၂၂ ပုံရိုက်ကာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။

play

 

ဒွန်နီဟာ သူ့ရဲ့ပရိသတ် ၃၀၀၀ နဲ့အတူ အပျော်စီးသင်္ဘောတစ်စီးပေါ်မှာ ဒီစံချိန်ကို ရခဲ့တာပါ။ စီတန်းနေကြတဲ့ ပရိသတ်ကြီးဟာ ဒွန်နီရှိရာကို တစ်ယောက်ပြီးတစ်ယောက် ပြေးကပ်စဉ်မှာ ဒွန်နီက ဖုန်းနဲ့ဆယ်ဖီဆွဲခဲ့တာပါ။

play

 

အချိန် ၃ မိနစ် ပြည့်သွားချိန်မှာတော့ ဆယ်ဖီပုံပေါင်း ၁၂၂ ပုံ ရိုက်ကူးလိုက်နိုင်ခဲ့ပါတယ်။

Source : Hollywood Reporter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ